ဝက်ဘ်ဆိုက် အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများ
နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့ချိန်- မတ်လ 12 ရက်၊ 2024 ခုနှစ်
ဤအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများ (ဤ “သဘောတူညီချက်”) သည် ဤဝက်ဘ်ဆိုက်၊ ၎င်းနှင့်ချိတ်ထားသော ဆက်စပ်ဝက်ဘ်ဆိုက်များနှင့် WD-40 Company သို့မဟုတ် ၎င်း၏ ကုမ္ပဏီခွဲများနှင့် အဖွဲ့ဝင်များ (စုစည်း၍ “WD-40 Company”၊ “ကျွန်ုပ်တို့” သို့မဟုတ် “ကျွန်ုပ်တို့ကို”) က ပိုင်ဆိုင်သောနှင့်/သို့မဟုတ် စီမံခန့်ခွဲသော အပလီကေးရှင်းများ (“ဝက်ဘ်ဆိုက်များ”) အား သင်၏အသုံးပြုမှုအပေါ် လွှမ်းမိုးသက်ရောက်သည်။ ဤသဘောတူညီချက်သည် WD-40 Company က ပံ့ပိုးပေးသော ဝန်ဆောင်မှုများ (“ဝန်ဆောင်မှုများ”) အပေါ်လည်း လွှမ်းမိုးသက်ရောက်သည်။ အောက်၌ဖော်ပြထားသည့်အတိုင်း ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများအား သင်၏အသုံးပြုမှုနှင့်ပတ်သက်သော အချက်အလက်များကို ဤသဘောတူညီချက်တွင် ရှင်းပြပေးထားပြီး ၎င်းကို အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက်နိုင်သည်။ ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် သင်သည် ဤသဘောတူညီချက်ပါ စည်းမျဉ်းသတ်မှတ်ချက်များကို သဘောတူပြီး WD-40 ကိုယ်ရေးလုံခြုံမှု ကြေညာချက် (“ကိုယ်ရေးလုံခြုံမှု ကြေညာချက်”) ကို ဖတ်ရှု၍ နားလည်သဘောပေါက်ကြောင်း သဘောတူရာရောက်သည်။
အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများနှင့်သာ သက်ဆိုင်သည်- ဤသဘောတူညီချက်တွင် လိုက်နာဆောင်ရွက်ရမည့် အနုညာတစီရင်ဆုံးဖြတ်ခြင်း ပြဋ္ဌာန်းချက်တစ်ရပ် ပါဝင်သည်ကို သတိပြုပါ။ လိုက်နာဆောင်ရွက်ရမည့် အနုညာတစီရင်ဆုံးဖြတ်ခြင်း ပြဋ္ဌာန်းချက်နှင့် ငြင်းပယ်နည်းဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက် အောက်ပါ အပိုင်း 8 ကို ကြည့်ပါ။
- ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်း။
- အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများနှင့်သာ သက်ဆိုင်သည်- ကလေးသူငယ် အွန်လိုင်း ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး အက်ဥပဒေ။ ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများသည် အသက် 13 နှစ်အောက် ကလေးများအတွက် ရည်ရွယ်ခြင်းမဟုတ်ပါ။ ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုရန် သင်သည် အသက် 13 နှစ်နှင့်အထက် ရှိရမည်။ ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများမှ တစ်ခုခုတွင် စာရင်းသွင်းခြင်းဖြင့် သင်သည် အသက် 13 နှစ်နှင့်အထက်ဖြစ်ကြောင်း ကိုယ်စားပြုပြီး အာမခံရာရောက်သည်။ ကလေးသူငယ် အွန်လိုင်း ကိုယ်ရေးလုံခြုံမှု ကာကွယ်ရေး အက်ဥပဒေ (“COPPA”) အရ ကျွန်ုပ်တို့သည် အသက် 13 နှစ်အောက် ကလေးများနှင့်ပတ်သက်သည့် မည်သည့်ကိုယ်ရေးအချက်အလက်ကိုမျှ စုပေါင်းထားသောပုံစံဖြင့်ပင်လျှင် တမင်တကာ စုဆောင်းခြင်း သို့မဟုတ် သိမ်းဆည်းခြင်း မပြုပါ။ အသက် 13 နှစ်အောက် ကလေးတစ်ဦးထံမှ အချက်အလက်တစ်ခုခုကို လက်ခံရရှိထားကြောင်း ကျွန်ုပ်တို့ တွေ့ရှိပါက ကျွန်ုပ်တို့သည် အဆိုပါအချက်အလက်ကို ချက်ချင်းဖျက်ပါမည်။ အသက် 13 နှစ်အောက် မည်သူမဆိုထံမှ သို့မဟုတ် ၎င်းနှင့်ပတ်သက်သော အချက်အလက်တစ်ခုခု ကျွန်ုပ်တို့တွင် ရှိသည်ဟု သင်ယူဆပါက အပိုင်း 16 တွင် ဖော်ပြထားသည်နှင့်အညီ ကျွန်ုပ်တို့ထံ အီးမေးလ်ပို့ပါ။
- ပြင်ပအဖွဲ့အစည်း အပလီကေးရှင်းများ။ အကြောင်းအရာများ၊ ထုတ်ကုန်များနှင့်/သို့မဟုတ် ဝန်ဆောင်မှုများကို သင်ရရှိနိုင်စေရန် ဝက်ဘ်ဆိုက်များကို ပြင်ပအဖွဲ့အစည်း အပလီကေးရှင်းများ၊ ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများ (“ပြင်ပအဖွဲ့အစည်း အပလီကေးရှင်းများ”) နှင့် ပေါင်းစပ်ထားပါသည်။ ဤပြင်ပအဖွဲ့အစည်း အပလီကေးရှင်းများတွင် ၎င်းတို့၏ကိုယ်ပိုင် အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များနှင့် ကိုယ်ရေးလုံခြုံမှု မူဝါဒများ ရှိနိုင်ပြီး ဤပြင်ပအဖွဲ့အစည်း အပလီကေးရှင်းများအား သင်အသုံးပြုရာတွင် ထိုသို့သော စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုယ်ရေးလုံခြုံမှု မူဝါဒများက လွှမ်းမိုးသက်ရောက်ပြီး ၎င်းတို့နှင့်အညီ လိုက်နာရပါမည်။ WD-40 Company သည် ပြင်ပအဖွဲ့အစည်း အပလီကေးရှင်းတစ်ခုခု၏ ပြုမူလုပ်ဆောင်ပုံ၊ လုပ်ဆောင်ချက်များ သို့မဟုတ် အကြောင်းအရာအတွက် သို့မဟုတ် အဆိုပါ ပြင်ပအဖွဲ့အစည်း အပလီကေးရှင်းတစ်ခုခုကို ပံ့ပိုးပေးသူနှင့် သင်ပြုလုပ်ထားနိုင်သည့် အရောင်းအဝယ်မှန်သမျှအတွက် ထောက်ခံကြေညာခြင်းမပြုဘဲ ယင်းတို့အတွက် တာဝန်မရှိကြောင်း သို့မဟုတ် တာဝန်မယူကြောင်း သင်က နားလည်ပြီး သဘောတူပါသည်။
- ကိုယ်ရေးလုံခြုံမှု ကြေညာချက်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ကြေညာချက်ကို သုံးသပ်ဖတ်ရှုပါ။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ကြေညာချက်တွင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများကို သင်အသုံးပြုသည့်အခါ သင့်ကိုယ်ရေးဒေတာကို ကျွန်ုပ်တို့ ကိုင်တွယ်ပုံနှင့် အချို့သော ဆက်သွယ်မှုများကို သင်၏ငြင်းပယ်ခွင့်အပါအဝင် သင့်ကိုယ်ရေးလုံခြုံမှုအား ကာကွယ်ပုံတို့ကို ရှင်းပြထားသည်။ ဝက်ဘ်ဆိုက်များကိုဖြစ်စေ၊ ဝန်ဆောင်မှုများ၏ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေ ဝင်ရောက်သုံးစွဲခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် သင့်ဒေတာကို WD-40 Company ၏ ကိုယ်ရေးလုံခြုံမှု ကြေညာချက်နှင့်အညီ ထိန်းသိမ်းမည်ဖြစ်ကြောင်း သို့မဟုတ် အသုံးပြုမည်ဖြစ်ကြောင်း သင်နားလည်ရာရောက်သည်။
- အခြားသုံးစွဲသူအခွင့်အရေးများဆိုင်ရာ အချက်အလက်- ကယ်လီဖိုးနီးယားပြည်နယ် တရားမကျင့်ထုံးဥပဒေ ပုဒ်မ 1789.3 အရ ကျွန်ုပ်တို့သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သူများအား အောက်ပါအချက်အလက်များ ပံ့ပိုးပေးရန် လိုအပ်သည်-
- ဝက်ဘ်ဆိုက်ကို WD-40 Company က ပိုင်ဆိုင်ပြီး စီမံခန့်ခွဲသည်။
- အခြားနည်းအားဖြင့် အတိအလင်းဖော်ပြထားခြင်း မရှိပါက ဤဝက်ဘ်ဆိုက်ကို အခကြေးငွေမယူဘဲ ပံ့ပိုးပေးသည်။
- ဤဝက်ဘ်ဆိုက်နှင့်စပ်လျဉ်း၍ တိုင်ကြားချက် တင်သွင်းရန် သို့မဟုတ် ဤဝက်ဘ်ဆိုက်အသုံးပြုမှုနှင့်စပ်လျဉ်း၍ နောက်ထပ်အချက်အလက်များကို လက်ခံရရှိရန် privacy@wd40.com အီးမေးလ်မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။ သင်သည် ကယ်လီဖိုးနီးယားပြည်နယ် သုံးစွဲသူရေးရာဌာန၊ သုံးစွဲသူဝန်ဆောင်မှုများဆိုင်ရာ ဌာနခွဲ၏ တိုင်ကြားမှုအကူအညီပေးရေး ဌာနစိတ်အား 400 R Street, Suite 1080, Sacramento, California 95814 သို့ လိပ်မူစာရေးသား၍ဖြစ်စေ၊ (916) 445-1254 သို့မဟုတ်
(800) 952-5210 သို့ ဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်နိုင်သည်။
- သင်၏အကောင့်။
- အသုံးပြုသူ စာရင်းသွင်းခြင်း။ အချို့သောဝက်ဘ်ဆိုက်များသည် ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများ၏ အချို့အပိုင်းများကို ဝင်ရောက်သုံးစွဲခွင့်ပြုနိုင်သည့် စာရင်းသွင်းထားသော အသုံးပြုသူတစ်ဦး ဖြစ်လာရန် ရွေးချယ်ခွင့်ကို သင့်အား ပေးထားပါသည်။ စာရင်းသွင်းထားသော အသုံးပြုသူတစ်ဦး ဖြစ်လာရန် သင်သည် အသက် 18 နှစ်ပြည့်ပြီးရမည်ဖြစ်ကာ ဝက်ဘ်ဆိုက်များရှိ အွန်လိုင်းစာရင်းသွင်းလုပ်ငန်းစဉ်မှတစ်ဆင့် WD-40 Company ဖြင့် အကောင့်တစ်ခု ဖွင့်ရမည်။ အကောင့်ဖွင့်ရာတွင် သင်သည် စာရင်းသွင်းဖောင်၌ ညွှန်ကြားထားသည့်အတိုင်း တိကျပြီး ပြည့်စုံသော စာရင်းသွင်းအချက်အလက်များကို WD-40 Company အား ပေးရမည်။ ဤအချက်အလက်များမှ တစ်ခုခု ပြောင်းလဲသွားပါက သင်သည် WD-40 Company ကို ချက်ချင်းအကြောင်းကြားရမည်။ ဤအချက်အလက်ကို ပေးရန် သို့မဟုတ် အပ်ဒိတ်လုပ်ရန် သင်ပျက်ကွက်ပါက WD-40 Company သည် ဝက်ဘ်ဆိုက်များကို အသုံးပြုရန် သင့်အခွင့်အရေးကို ရပ်စဲနိုင်သည်။ အလိုအလျောက်နည်းလမ်းများဖြင့်ဖြစ်စေ၊ မှားယွင်းသော သို့မဟုတ် လိမ်လည်သော အယောင်ဆောင်မှုများဖြင့်ဖြစ်စေ သင်စာရင်းသွင်းပါက သင့်အကောင့်ကို WD-40 Company က ဖျက်ပစ်ပါမည်။
- စကားဝှက်များ။ သင် အကောင့်ဖွင့်သည့်အခါ သင့်အား စကားဝှက်တစ်ခု ရွေးချယ်ခိုင်းပါမည်။ သင့်စကားဝှက်သည် သင်၏ အသုံးပြုသူအကောင့်ကို ကာကွယ်ပေးပြီး သင့်စကားဝှက်ကို လျှို့ဝှက်၍ လုံခြုံအောင်ထားရန် သင်တစ်ဦးတည်းတွင် တာဝန်ရှိသည်။ ဝက်ဘ်ဆိုက်များပေါ်တွင် သင်၏ အသုံးပြုသူအမည်နှင့် စကားဝှက် သုံးစွဲမှုအားလုံးအတွက် သင့်တွင် တာဝန်ရှိကြောင်း သင်နားလည်ပါသည်။ သင့်အသုံးပြုသူအမည် သို့မဟုတ် စကားဝှက် ပျောက်သွားလျှင် သို့မဟုတ် အခိုးခံရလျှင်ဖြစ်စေ၊ ပြင်ပအဖွဲ့အစည်းများက သင့်အကောင့်သို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲခဲ့ကြောင်း သင်ယူဆလျှင်ဖြစ်စေ ကျွန်ုပ်တို့ကို ချက်ချင်းအကြောင်းကြားပြီး သင့်စကားဝှက်ကို အမြန်ဆုံးပြောင်းပါ။
- သင့်အကောင့်ကို ရပ်စဲခြင်း။ WD-40 Company သည် ၎င်း၏ တစ်ဦးတည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် မည်သည့်အကြောင်းကြောင့်မဆို သို့မဟုတ် အကြောင်းရင်းလုံးဝမရှိဘဲ အကြောင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင် သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခုခုအား အသိပေးခြင်း သို့မဟုတ် တာဝန်ယူခြင်းမရှိဘဲ သင့်အကောင့်ကို ရပ်စဲနိုင်သည် သို့မဟုတ် ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများသို့ သင်၏ဝင်ရောက်သုံးစွဲခွင့်ကို ရပ်စဲနိုင်သည်။ ထိုသို့သော အကြောင်းပြချက်များတွင် အောက်ပါတို့ အကန့်အသတ်မရှိ ပါဝင်နိုင်သည်- (i) ဤသဘောတူညီချက်၏ အပိုင်းတစ်ခုခုကို သင်၏ ချိုးဖောက်မှု၊ (ii) ပြင်ပအဖွဲ့အစည်းတစ်ခုခု၏ အခွင့်အရေးများကို သင်၏ ချိုးဖောက်မှု သို့မဟုတ် (iii) သင့်အကောင့်ကို အချိန်ကြာမြင့်စွာ အသုံးမပြုဘဲထားခြင်း။ သင်သည် သင့်ပရိုဖိုင် သို့မဟုတ် သင့်အကောင့်ကို အချိန်မရွေး၊ မည်သည့်အကြောင်းမဆိုဖြင့် ရပ်စဲရန်အတွက် အပိုင်း 16 နှင့်အညီ ကျွန်ုပ်တို့ကို ဆက်သွယ်၍ ထိုသို့လုပ်ဆောင်ရန် သင့်ရည်ရွယ်ချက်ကို WD-40 Company အား အသိပေးနိုင်သည်။ သင့်အကောင့်ကို ရပ်စဲပါက WD-40 Company သည် ၎င်း၏တစ်ဦးတည်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဖြင့် WD-40 Company ၏ ဆာဗာများတွင်ရှိသော သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ၎င်း၏လက်ဝယ်ရှိသော သို့မဟုတ် ထိန်းချုပ်ထားသော ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင်၏အသုံးပြုမှုနှင့်စပ်လျဉ်းသည့် မှတ်ချက်များ၊ ဝက်ဘ်ဆိုက်၊ ဖိုင်များ၊ ပုံများ သို့မဟုတ် အခြားအကြောင်းအရာ သို့မဟုတ် ပစ္စည်းများကို ဖျက်နိုင်သည်။ ရပ်စဲပြီးနောက် WD-40 Company ၏ အတိအလင်း စာဖြင့်သဘောတူညီချက်ကို ဦးစွာမရယူဘဲ ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုရန် သင့်အား ခွင့်ပြုနိုင်မည်မဟုတ်ပါ။ သင့်အကောင့်ကိုဖြစ်စေ၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများအား သင်၏ ဝင်ရောက်သုံးစွဲခွင့်ကိုဖြစ်စေ ရပ်စဲပါက WD-40 Company သည် နည်းပညာ အတားအဆီးများ၊ IP ချိတ်ဆက်မှု၊ သင်၏ အင်တာနက်ဝန်ဆောင်မှုပေးသူနှင့် တိုက်ရိုက်ဆက်သွယ်ခြင်း အကန့်အသတ်မရှိအပါအဝင် ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲမှုကို တားဆီးရန် လိုအပ်သည်ဟု ယူဆသည့် မည်သည့်နည်းလမ်းကိုမဆို အသုံးချရန် အခွင့်အရေးကို လက်ဝယ်ထားရှိသည်။
- ဉာဏပစ္စည်းမူပိုင်ခွင့်များ။
- ကျွန်ုပ်တို့၏ အကြောင်းအရာများ။
- (i). ပိုင်ဆိုင်မှုနှင့် အသုံးပြုမှု။ WD-40 Company သည် ၎င်း၏ တီထွင်မှုမူပိုင်ခွင့်၊ မူပိုင်ခွင့် (ထုတ်ဝေထားသောလက်ရာနှင့် ထုတ်ဝေမထားသောလက်ရာ နှစ်ခုစလုံးရှိ၊ ၎င်းတို့အတွက် မှတ်ပုံတင်များနှင့် လျှောက်လွှာများရှိ မူပိုင်ခွင့် အပါအဝင်)၊ လုပ်ငန်းလျှို့ဝှက်ချက်နှင့် ကျွမ်းကျင်မှု အခွင့်အရေးများ၊ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းဒိုမိန်းအမည်များ၊ ဒီဇိုင်းများနှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ သီးသန့်အခွင့်အရေးများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ တရားစီရင်ပိုင်ခွင့်နယ်မြေမှန်သမျှတွင် အသိအမှတ်ပြုထားသည့် အခြားပိုင်ဆိုင်မှုနှင့် ဉာဏပစ္စည်း မူပိုင်ခွင့်များ (“ဉာဏပစ္စည်းမူပိုင်ခွင့်များ”) ၏ ပိုင်ဆိုင်မှုကို ထိန်းသိမ်းထားသည်။ သင်သည် ဤသဘောတူညီချက် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ဝက်ဘ်ဆိုက်များ အသုံးပြုမှုကို အကြောင်းပြု၍ ဤနေရာရှိ ဉာဏပစ္စည်းမူပိုင်ခွင့်တစ်ခုကိုမျှ မရယူနိုင်ပါ။ ဤသဘောတူညီချက်တွင် အတိအလင်းဖော်ပြထားသည့်အတိုင်းမှလွဲ၍ ဝက်ဘ်ဆိုက်များတွင် သို့မဟုတ် ဝန်ဆောင်မှုများမှတစ်ဆင့် ရရှိနိုင်သော ပစ္စည်းများ သို့မဟုတ် အကြောင်းအရာများကို အသုံးပြုရန်၊ ကူးယူရန်၊ ပြသရန်၊ တင်ဆက်ရန်၊ ထုတ်ဝေရန်၊ ၎င်းတို့မှ ဆင့်ပွားလက်ရာများ ဖန်တီးရန်၊ ၎င်းတို့မှ လက်ရာအသစ်များ သို့မဟုတ် ကောက်နုတ်ချက်များ ဖန်တီးရန်၊ ဖြန့်ချိရန်၊ ဖြန့်ဝေထားရန်၊ တစ်ဆင့်ပေးပို့ရန် သို့မဟုတ် လိုင်စင်ခွဲပေးရန် သင့်တွင် အခွင့်အရေး မရှိပါ။
- (ii). မာလ်တီမီဒီယာ အကြောင်းအရာများအတွက် ကန့်သတ်လိုင်စင်။ ကျွန်ုပ်တို့၏ ကြိုတင်ခွင့်ပြုစာနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အရ WD-40 Company သည် ဝက်ဘ်ဆိုက်များမှတစ်ဆင့် ရရှိနိုင်အောင် ပြုလုပ်ထားသည့် မာလ်တီမီဒီယာ ရုပ်ပုံများကို အသုံးပြုရန် ကန့်သတ်လိုင်စင်တစ်ခုကို သင့်အား ပေးအပ်ပါမည်။ သို့သော် သင်သည် ထိုသို့သော အကြောင်းအရာများကို မှတ်ချက်ပေးခြင်း၊ သတင်းအစီရင်ခံခြင်း၊ စာသင်ခြင်း၊ K-12 စာသင်ခန်း အသုံးပြုမှု၊ ပညာသင်ဆု သို့မဟုတ် သုတေသနအတွက် သီးသန့်အသုံးပြုမှသာ ရရှိနိုင်ပါသည်။
- (iii). လင့်ခ်ချိတ်ခြင်းနှင့် ဘောင်ခတ်ပြသခြင်း။ သင်သည် အတိအလင်း စာဖြင့်ခွင့်ပြုချက်မပါဘဲ လင့်ခ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် WD-40 Company လိုဂို သို့မဟုတ် ၎င်း၏အခြားအမှတ်အသားများကို အသုံးမပြုနိုင်ပါ။ သို့သော် သင်ကဖြစ်စေ၊ လင့်ခ်ကဖြစ်စေ WD-40 Company သို့မဟုတ် ၎င်း၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများမှ တစ်ခုခုကို မှားယွင်းသော သို့မဟုတ် မတရားသဖြင့် ချိုးနှိမ်သော ပုံစံဖြင့် ဖော်ပြခြင်းမပြုမှသာ သို့မဟုတ် WD-40 Company ကဖြစ်စေ၊ ၎င်းနှင့်အတူဖြစ်စေ ကမကထပြုမှု၊ ပေါင်းစည်းမှု သို့မဟုတ် ထောက်ခံမှုကို ညွှန်ပြခြင်းမပြုမှသာ သင်သည် WD-40 Company ၏ ဝက်ဘ်ဆိုက်များအတွက် ရိုးရိုးစာသား ဟိုက်ပါလင့်ခ်ကို ဖန်တီးနိုင်သည်။ WD-40 Company သည် သင့်ထံ အသိပေး၍ မည်သည့်အကြောင်းပြချက်ဖြင့်မဆို ဤခွင့်ပြုချက်ကို အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်ပြီး သင်သည် ထိုကဲ့သို့ ခွင့်မပြုသော အပြုအမူကို ချက်ချင်းရပ်စဲရမည်။ သင်သည် ဝက်ဘ်ဆိုက်များ အကန့်အသတ်မရှိ အပါအဝင် WD-40 Company အမှတ်အသားများ၊ လိုဂိုများ၊ ထုတ်ကုန်၏ပုံစံသွင်ပြင်၊ အကြောင်းအရာ သို့မဟုတ် ပိုင်ဆိုင်မှုမှန်သမျှကို “ဘောင်ခတ်ပြသခြင်း”၊ အတွင်းလင့်ခ်ထည့်ခြင်း သို့မဟုတ် အလားတူနည်းလမ်းဖြင့် ပြသခြင်း သို့မဟုတ် ပူးတွဲထည့်ခြင်း မပြုနိုင်ပါ။
- သင်၏ အကြောင်းအရာများ။
- (i). ပိုင်ဆိုင်မှုနှင့် အသုံးပြုမှု။ အပိုင်း 3(b)(ii) တွင်ဖော်ပြထားသော ကျွန်ုပ်တို့ ပိုင်ဆိုင်ခွင့် ရရှိမည့် ပစ္စည်းများမှလွဲ၍ WD-40 Company သည် ဝက်ဘ်ဆိုက်များသို့ သင်ပို့စ်တင်သည့်၊ ထည့်သွင်းသည့် သို့မဟုတ် ပေးပို့သည့် အရာများအတွက် ပိုင်ဆိုင်မှု အကျိုးစီးပွား ရရှိမည်မဟုတ်သော်လည်း အပိုင်း 3(b) တွင် ဖော်ပြထားသည့်အတိုင်း သီးသန့်မဟုတ်သော လိုင်စင်များကို ရရှိပါမည်။ တစ်စုံတစ်ယောက်က သင့်မူပိုင်ခွင့်များ သို့မဟုတ် အခြားဉာဏပစ္စည်းမူပိုင်ခွင့်များကို ချိုးဖောက်နေသည်ဟု သင်ထင်ပြီး ကျွန်ုပ်တို့ကို အကြောင်းကြားလိုပါက အပိုင်း 3 ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။ ကျွန်ုပ်တို့သည် စွပ်စွဲထားသည့် ဉာဏပစ္စည်းမူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ အသိပေးချက်များကို တုံ့ပြန်ပြီး ချိုးဖောက်သူများ၏ အကောင့်များကို ရပ်စဲနိုင်ပါသည်။ အမေရိကန်ပြည်ထောင်စုရှိ အသုံးပြုသူများအတွက်ဆိုလျှင် မူပိုင်ခွင့် ချိုးဖောက်မှု တိုင်ကြားခြင်းအတွက် ကျွန်ုပ်တို့၏လုပ်ငန်းစဉ်သည် အပိုင်း 3(d) တွင် ထပ်မံဖော်ပြထားသည့်အတိုင်း အမေရိကန်ပြည်ထောင်စု ဒစ်ဂျစ်တယ် ထောင်စုနှစ် မူပိုင်ခွင့်အက်ဥပဒေ (“DMCA”) တွင် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်နှင့်အညီ ဖြစ်ရမည်။
- (ii). ပေးပို့မှုများ။ တိုက်ရိုက်ဖြစ်စေ၊ ဝက်ဘ်ဆိုက်များတွင်ဖြစ်စေ၊ ဝန်ဆောင်မှုများမှတစ်ဆင့်ဖြစ်စေ၊ လူမှုကွန်ရက်ပေါ်တွင်ဖြစ်စေ WD-40 Company အား သင်ပံ့ပိုးပေးသည့် မှတ်ချက်၊ စိတ်ကူး၊ အကြံပြုချက်၊ ထောက်ခံချက်၊ ဓာတ်ပုံ၊ အော်ဒီယို၊ ဗီဒီယို၊ ထုတ်ကုန်သုံးသပ်ချက်၊ ထုတ်ကုန်အသုံးပြုမှုနှင့် ဖြစ်နိုင်ခြေရှိသော အသုံးပြုမှု၊ ထုတ်ကုန်စိတ်ကူး၊ တုံ့ပြန်ချက်၊ အသုံးပြုသူ အကြောင်းအရာ၊ ပရိုမိုးရှင်း ထည့်သွင်းချက်မှန်သမျှ သို့မဟုတ် သင်၊ ဝက်ဘ်ဆိုက်၊ ဝန်ဆောင်မှုများ၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ရည်ညွှန်းသော သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သော အခြားအချက်အလက် သို့မဟုတ် ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ လုပ်ငန်းအကျိုးစီးပွားများနှင့်သက်ဆိုင်သလို ခွဲခြားဖော်ထုတ်ထားသည့် အခြားအကြောင်းအရာမှန်သမျှ (စုစည်း၍ “ပေးပို့မှုများ”) သည် သင့်အတွက် လျှို့ဝှက်ချက်မဟုတ်ဘဲ ကျွန်ုပ်တို့၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများသို့ ထပ်ဆင့်ပေးပို့မှုကို အရင်းခံ၍ WD-40 Company ၏ တစ်ဦးတည်းပိုင်ဆိုင်မှု ဖြစ်လာကာ သင်သည် လျော်ကြေး သို့မဟုတ် အသိအမှတ်ပြုမှုတစ်ခုခုမပါဘဲ ယင်းအတွက် ဉာဏပစ္စည်းမူပိုင်ခွင့်မှန်သမျှ အားလုံး အကန့်အသတ်မရှိ အပါအဝင် အခွင့်အရေး၊ ရပိုင်ခွင့်၊ အကျိုးစီးပွားနှင့် အလားတူအခွင့်အရေးများ (“ပေးပို့မှု အခွင့်အရေးများ”) ကို WD-40 Company ထံ လွှဲပြောင်းပေးအပ်သည်ဟု ဤတွင် သဘောတူပါသည်။ WD-40 Company သည် ပေးပို့မှု အခွင့်အရေးအားလုံးကို ပိုင်ဆိုင်ပြီး သင့်အား အသိအမှတ်ပြုမှု သို့မဟုတ် လျော်ကြေးမပေးဘဲ မည်သည့်ရည်ရွယ်ချက်မဆို (စီးပွားရေး၊ ဈေးကွက်ရှာဖွေရေး သို့မဟုတ် အခြားတစ်နည်းနည်း) အတွက် ဤပေးပို့မှုများအား အကန့်အသတ်မရှိ အသုံးပြုပိုင်ခွင့်နှင့် ဖြန့်ချိခွင့် ရှိရမည်။ သင်သည် ထိုသို့သော ထပ်ဆောင်းစာရွက်စာတမ်းများ၊ စာချုပ်စာတမ်းများ၊ ပစ္စည်းလွှဲပြောင်းစာချုပ်များနှင့် အာမခံချက်များကို စီမံဆောင်ရွက်ပြီး ပေးအပ်ရန်၊ ဤနေရာရှိ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရန်နှင့် ဤနည်းအားဖြင့် စဉ်းစားဆုံးဖြတ်ထားသည့် တာဝန်များကို အကောင်အထည်ဖော်ရန် ကျိုးကြောင်းသင့်စွာ လိုအပ်နိုင်သည့်အတိုင်း ထိုသို့သော နောက်ထပ်လုပ်ဆောင်မှုများ ပြုလုပ်ရန်လည်း သဘောတူပါသည်။
- (iii). လိုင်စင်။ အပိုင်း 3(b)(ii) တွင် ဖော်ပြထားသည့်အတိုင်းမှလွဲ၍ ဝက်ဘ်ဆိုက်များတွင် သို့မဟုတ် ဝက်ဘ်ဆိုက်များသို့ သင်ပို့စ်တင်ထားသော၊ သိမ်းဆည်းထားသော သို့မဟုတ် တစ်ဆင့်ပေးပို့ထားသော မည်သည့်အကြောင်းအရာမဆိုအတွက် သင်သည်- (i) ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို ယခုသိထားသည့် သို့မဟုတ် ဤမှစ၍နောက်ပိုင်းတွင် ဖန်တီးထားသည့် မီဒီယာအားလုံးတွင် မည်သည့်ပုံစံဖြင့်မဆို စီးပွားဖြစ်၊ ကြော်ငြာ သို့မဟုတ် အခြားနည်းအားဖြင့် မည်သည့်ရည်ရွယ်ချက်မဆိုအတွက် ထိုသို့သောအကြောင်းအရာကို အသုံးပြုရန်၊ ကူးယူရန်၊ ပြသရန်၊ တင်ဆက်ရန်၊ ၎င်းမှ ဆင့်ပွားလက်ရာများ ဖန်တီးရန်၊ ဖြန့်ချိရန်၊ ဖြန့်ဝေထားရန်၊ တစ်ဆင့်ပေးပို့ရန်နှင့် လိုင်စင်ခွဲပေးရန် ကမ္ဘာတစ်ဝန်း အမြဲအသုံးပြုနိုင်သည့်၊ သီးသန့်မဟုတ်သော၊ မူပိုင်ကြေးကင်းသော၊ အပြည့်ပေးချေထားသော၊ လွှဲပြောင်းနိုင်သော၊ လိုင်စင်ခွဲပေး၍ရသော အခွင့်အရေးနှင့် လိုင်စင်ကို WD-40 Company အား ပေးအပ်ပြီး သင့်တွင် ၎င်းတို့ကို ပေးအပ်ခွင့်ရှိကြောင်း ကိုယ်စားပြု၍ အာမခံကြောင်း၊ (ii) ထိုသို့သောအကြောင်းအရာသည် သင့်အား အသိပေးခြင်း သို့မဟုတ် ရှင်းပြခြင်းမရှိဘဲ ပယ်ဖျက်ခြင်း သို့မဟုတ် ဖျက်ပစ်ခြင်းခံရနိုင်ကြောင်း ဤတွင်သဘောတူပါသည်။
- (iv). ကန့်သတ်ချက်များ။ သင်သည် အောက်ပါအကြောင်းအရာမှန်သမျှကို ပို့စ်တင်ခြင်း၊ ပေးပို့ခြင်း သို့မဟုတ် တစ်ဆင့်ပေးပို့ခြင်း မပြုနိုင်ပါ- (i) သိက္ခာချသော၊ အသရေဖျက်သော သို့မဟုတ် လုပ်ကြံပြောဆိုသော၊ (ii) အခြားသူတစ်ဦးအပေါ် လက်ငင်း ကိုယ်ထိလက်ရောက်ထိခိုက်မှုကို လှုံ့ဆော်သော၊ တိုက်တွန်းသော သို့မဟုတ် ခြိမ်းခြောက်သော၊ (iii) အကြမ်းဖက်ပြစ်မှုတစ်ခုကျူးလွန်ရန် လှုံ့ဆော်သော၊ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန် လူတစ်ဦးဦးကို မြှူဆွယ်သော၊ အကြမ်းဖက်ပြစ်မှု ကျူးလွန်ရန် နည်းလမ်း သို့မဟုတ် နည်းစနစ်ကို ညွှန်ကြားချက်ပေးသော သို့မဟုတ် အကြမ်းဖက်ပြစ်မှု ကျူးလွန်ရန် ခြိမ်းခြောက်သော၊ (iv) အခြားအဖွဲ့တစ်ခုခု၏ တီထွင်မှု မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းလျှို့ဝှက်ချက်၊ မူပိုင်ခွင့်၊ ကိုယ်ပိုင်လက္ခဏာ အလွဲသုံးစားပြုခံရခြင်းမှ ကာကွယ်ခွင့် သို့မဟုတ် အခြားအခွင့်အရေးကို ချိုးဖောက်သော သို့မဟုတ် ထိပါးသော၊ (v) (ဗိုင်းရပ်စ်များ၊ ပယ်ဖျက်ဘော့တ်များ၊ ထရိုဂျန်ဟော့စ်၊ အန္တရာယ်ရှိသောကုဒ်၊ ကွန်ပျူတာဝန်ပိစေရန် အချက်အလက်များစွာ ပေးပို့၍ တိုက်ခိုက်မှုများ၊ ဝန်ဆောင်မှုသုံး၍မရစေရန် တိုက်ခိုက်မှုများ၊ ဒေတာအချက်အလက် သို့မဟုတ် IP အား ခွင့်ပြုချက်မရှိဘဲ ဝင်သုံးခြင်း၊ လမ်းကြောင်းအမှား သို့မဟုတ် အီးမေးလ်လိပ်စာအချက်အလက်အတုဖြင့် ပေးပို့ခြင်း သို့မဟုတ် အလားတူနည်းလမ်းများကိုဖြစ်စေ၊ နည်းပညာကိုဖြစ်စေ အသုံးပြုခြင်းဖြင့် အကန့်အသတ်မရှိ အပါအဝင်) ဝန်ဆောင်မှုများ၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝက်ဘ်ဆိုက်များနှင့်ချိတ်ထားသည့် မည်သည့်ဝက်ဘ်ဆိုက်မဆို၏ လုံခြုံရေး သို့မဟုတ် အသုံးပြုမှုကို ပြတ်တောက်စေသော၊ နှောင့်ယှက်သော သို့မဟုတ် ထိခိုက်စေသော၊ (vi) ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပြင်ပအဖွဲ့အစည်း တစ်ခုခု၏ အသုံးပြုနိုင်စွမ်း သို့မဟုတ် ခံစားနိုင်စွမ်းကို နှောင့်ယှက်သည့် မည်သည့်လုပ်ဆောင်မှုတွင်မဆို ပါဝင်ဆောင်ရွက်သော သို့မဟုတ် (vii) သက်ဆိုင်သောဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ချိုးဖောက်သော အကြောင်းအရာ။
- (v). အသုံးပြုသူ အကြောင်းအရာ။ WD-40 Company သည် ဝက်ဘ်ဆိုက်အသုံးပြုသူများ၏ အကြောင်းအရာတစ်ခုခု သို့မဟုတ် အခြားသော ဝက်ဘ်ဆိုက်အသုံးပြုသူများနှင့် သင်၏ အပြန်အလှန်တုံ့ပြန်မှုများမှ ဖြစ်ပေါ်လာသည့် ထိခိုက်မှု သို့မဟုတ် နစ်နာမှုမှန်သမျှအတွက် တာဝန်မရှိသလို ထိုသို့တာဝန်လည်းရှိမည်မဟုတ်ပါ။ အခြားသော ဝက်ဘ်ဆိုက်အသုံးပြုသူများနှင့် သင်၏ အပြန်အလှန်တုံ့ပြန်မှုများ၊ သင်ပို့စ်တင်သော အကြောင်းအရာမှန်သမျှအတွက် သင်တစ်ဦးတည်းတွင်သာ တာဝန်ရှိသည်။
- အကြောင်းအရာ ဖယ်ရှားခြင်း။ WD-40 Company သည် အခြားသူများ၏ ဉာဏပစ္စည်းမူပိုင်ခွင့်များကို လေးစားပြီး ၎င်း၏အသုံးပြုသူများအနေဖြင့်လည်း ထိုသို့လေးစားမှုရှိမည်ဟု မျှော်လင့်ပါသည်။ WD-40 Company သည် အခြားသူများ၏ ဉာဏပစ္စည်းမူပိုင်ခွင့်များကို ချိုးဖောက်ပုံရသည့် အကြောင်းအရာကို ၎င်း၏ တစ်ဦးတည်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ဖယ်ရှားနိုင်သည်။ ထို့အပြင် အခြားသူများ၏ ဉာဏပစ္စည်း မူပိုင်ခွင့်များကို ချိုးဖောက်သော အသုံးပြုသူများ၏ အကောင့်များကို WD-40 Company အနေဖြင့် ၎င်း၏ တစ်ဦးတည်းနှင့် အကြွင်းမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရ ရပ်စဲနိုင်သည်။ သင်က တိုင်ကြားချက်တင်သွင်းလိုလျှင်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ပေါ်ရှိ အကြောင်းအရာတစ်ခုခုကို တိုင်ကြားလိုလျှင်ဖြစ်စေ copyrights@wd40.com သို့ အီးမေးလ်ပို့ပါ။
(d) ဒစ်ဂျစ်တယ် ထောင်စုနှစ် မူပိုင်ခွင့်အက်ဥပဒေ။ သင်က အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူဖြစ်မှသာ အပိုင်း 3(d) သည် သင်နှင့်သက်ဆိုင်ပါသည်။ ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ အသုံးပြုသူတစ်ဦးက သင်၏ ဉာဏပစ္စည်းမူပိုင်ခွင့်များကို ချိုးဖောက်ထားကြောင်း သင်ယူဆလျှင် WD-40 Company ၏ မူပိုင်ခွင့်ဆိုင်ရာ ကိုယ်စားလှယ်ကို အကြောင်းကြားပြီး အောက်ပါအချက်အလက်များပေးပါ- (a) ဉာဏပစ္စည်းမူပိုင်ခွင့်ပိုင်ရှင်၏ကိုယ်စား ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားသူ၏ လက်မှတ်အစစ် သို့မဟုတ် အီလက်ထရောနစ် လက်မှတ်၊ (b) ချိုးဖောက်ထားသည်ဟု အခိုင်အမာဆိုထားသည့် ဉာဏပစ္စည်းမူပိုင်ခွင့်၏ အထောက်အထားတစ်ခု၊ (c) ချိုးဖောက်သည်ဟု သင်အခိုင်အမာဆိုသည့်အရာကို ကျွန်ုပ်တို့ ရှာတွေ့နိုင်စေရန် ထိုချိုးဖောက်ထားသောအရာ ပေါ်လာသည့်နေရာ၏ URL အပါအဝင် ၎င်း၏ အသေးစိတ်ဖော်ပြချက်၊ (d) သင့်လိပ်စာ၊ တယ်လီဖုန်းနံပါတ်နှင့် အီးမေးလ် လိပ်စာ၊ (e) ချိုးဖောက်သည်ဟု စွပ်စွဲထားသည့် အသုံးပြုမှုကို ဉာဏပစ္စည်းမူပိုင်ခွင့်၏ ပိုင်ရှင်၊ ၎င်း၏ ကိုယ်စားလှယ် သို့မဟုတ် ဥပဒေက ခွင့်ပြုမထားသည်ကို သင်က သဘောရိုးဖြင့် ယုံကြည်ကြောင်း ကြေညာချက်နှင့် (f) အထက်ဖော်ပြပါ အချက်အလက်သည် တိကျမှန်ကန်ကြောင်းနှင့် ပါဝင်ပတ်သက်သည့် ဉာဏပစ္စည်းမူပိုင်ခွင့်များ၏ ပိုင်ရှင်ကိုယ်စား ဆောင်ရွက်ရန် သင့်အား တရားဝင်ခွင့်ပြုထားကြောင်း မုသားသက်သေခံပြစ်ဒဏ်အရ ပြုလုပ်ထားသည့် သင်၏ ကြေညာချက်။
WD-40 Company ၏ မူပိုင်ခွင့်ကိုယ်စားလှယ်အား ဆက်သွယ်ရန် လိပ်စာမှာ အောက်ပါအတိုင်းဖြစ်ပြီး ဤနည်းအားဖြင့် ဆက်သွယ်နိုင်ပါသည်-
Copyright Agent
WD-40 Company
9715 Businesspark Avenue
San Diego, CA 92131
ဖုန်း- 619-275-1400
အီးမေးလ်- copyrights@wd40.com
- ကိုယ်စားပြုတင်ပြချက်များနှင့် အာမခံချက်များ။
တစ်ဖက်စီသည် အခြားတစ်ဖက်အား အောက်ပါအတိုင်း ကိုယ်စားပြု၍ အာမခံပါသည်- (i) ၎င်းတွင် ဤသဘောတူညီချက်ကို စာချုပ်ချုပ်ဆိုပြီး သဘောတူညီချက်အရ ၎င်း၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန် အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်အပြည့်အဝရှိသည်၊ (ii) ဤသဘောတူညီချက်အရ ၎င်း၏ တာဝန်တ္တရားများအား သဘောတူညီမှုနှင့် ဆောင်ရွက်မှုတို့သည် ၎င်းလိုက်နာရမည့် အခြားသဘောတူညီချက် သို့မဟုတ် သဘောတူညီမှုတစ်ခုခုကို မချိုးဖောက်ပါ သို့မဟုတ် ယင်းနှင့်ကွဲလွဲခြင်းမရှိပါ၊ (iii) ဤသဘောတူညီချက်သည် ၎င်း၏စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ပြဋ္ဌာန်းနိုင်ပြီး ဤသဘောတူညီချက်ကို အကောင်အထည်ဖော်သော သို့မဟုတ် သဘောတူညီသော နှစ်ဦးနှစ်ဖက်၏ တရားဝင်ပြီး ခိုင်လုံကာ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများဖြစ်ပါသည်။ ခြွင်းချက်အနေဖြင့်- (a) ထိုသို့ပြဋ္ဌာန်းနိုင်မှုကို ယေဘုယျအားဖြင့် မြီရှင်များ၏ အခွင့်အရေးများနှင့် ကုစားမှုများအပေါ် သက်ရောက်သော ယခုအကျုံးဝင်လျက်ရှိသည့် သို့မဟုတ် နောင်တွင်အကျုံးဝင်မည့် ဒေဝါလီခံရခြင်း၊ ကြွေးမဆပ်နိုင်ခြင်း၊ ကုမ္ပဏီပြန်လည်ဖွဲ့စည်းခြင်း၊ တရားဝင်ဆိုင်းငံ့ခြင်း၊ မမှန်မကန် လွှဲပြောင်းမှု သို့မဟုတ် အခြားဥပဒေများဖြင့် ကန့်သတ်နိုင်သည်၊ (b) သီးခြားထမ်းဆောင်နိုင်ပြီး တရားဝင်အမိန့်ချသော ကုစားဖြေရှင်းမှုများနှင့် အခြားတူညီသော ကုစားဖြေရှင်းမှုပုံစံများသည် မည်သည့်တရားစွဲဆိုမှုကိုမျှ မလုပ်ဆောင်နိုင်မီ တရားမျှတသောခုခံကာကွယ်မှုနှင့် တရားရုံး၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို လိုက်နာရနိုင်သည်။
WD-40 Company နှင့် ၎င်း၏ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ အေးဂျင့်များ၊ ရှေ့နေများ၊ အဖွဲ့ဝင်များ၊ ဒါရိုက်တာများ၊ အရာရှိများ၊ မန်နေဂျာများနှင့် သက်ဆိုင်သူများ (“လျော်ကြေးရရှိမည့်အဖွဲ့များ”) ကို အောက်ပါတို့နှင့်ပတ်သက်၍ ယင်းတို့အပေါ် ပြင်ပအဖွဲ့အစည်းတစ်ခုခုက ပြုလုပ်ထားသော သို့မဟုတ် အခိုင်အမာဆိုထားသော အရေးဆိုမှု၊ တောင်းဆိုမှု သို့မဟုတ် အရေးယူဆောင်ရွက်မှု (“အရေးဆိုမှု”) နှင့်စပ်လျဉ်းပြီး ပေါ်ပေါက်လာသည့် ထိခိုက်မှု၊ ဆုံးရှုံးမှု၊ ကုန်ကျစရိတ် သို့မဟုတ် စရိတ်စကများ (ရှေ့နေခများနှင့် ကုန်ကျစရိတ်များ အကန့်အသတ်မရှိ အပါအဝင်) မှ ကင်းလွတ်အောင် ပြုလုပ်ပေးပြီး ထိုအရေးဆိုမှုများအတွက် အဖွဲ့များအား လျော်ကြေးပေးရန် သင်သဘောတူပါသည်- (i) သင်က ဤသဘောတူညီချက်ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အား ချိုးဖောက်မှုဖြစ်စေမည့် သို့မဟုတ် (ii) ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင်၏ အသုံးပြုမှုကြောင့်ဖြစ်စေ၊ ယင်းနှင့်ဆက်စပ်၍ဖြစ်စေ၊ ဆက်နွှယ်၍ဖြစ်စေ ပေါ်ပေါက်လာသည့် စွပ်စွဲထားသော အချက်အလက်များ သို့မဟုတ် အခြေအနေများ။ အကယ်၍ သင်သည် ဤပြဋ္ဌာန်းချက်နှင့်အညီ လျော်ကြေးပေးရန် တာဝန်ရှိပါက မည်သည့်အရေးဆိုမှုကိုမဆို သင်၏ တစ်ဦးတည်း ကုန်ကျစရိတ်နှင့် အသုံးစရိတ်ဖြင့် ခုခံချေပမှု၊ ကျေအေးမှုနှင့် ဖယ်ရှားမှုကို
WD-40 Company သည် ၎င်း၏ တစ်ဦးတည်းနှင့် အကြွင်းမဲ့ ဆုံးဖြတ်ပိုင်ခွင့်ဖြင့် ထိန်းချုပ်နိုင်သည်။ အထက်ဖော်ပြပါအချက်များကို ကန့်သတ်ခြင်းမရှိဘဲ သင်သည် WD-40 Company ၏ သဘောတူညီချက်မပါဘဲ မည်သည့်အရေးဆိုမှုကိုမဆို ကျေအေးခြင်း၊ အပေးအယူနည်းဖြင့် ညှိနှိုင်းခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ဖယ်ရှားခြင်းမပြုနိုင်ပါ။ အချို့သော တရားစီရင်ပိုင်ခွင့်နယ်မြေများသည် သုံးစွဲသူများထံမှ လျော်ကြေးငွေများကို ခွင့်မပြုသောကြောင့် ဤပြဋ္ဌာန်းချက်သည် သင်နှင့်မသက်ဆိုင်နိုင်ပါ။
- အာမခံချက်များဆိုင်ရာ ရှင်းလင်းချက်။
- a) သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင် နေထိုင်သည့် သုံးစွဲသူ မဟုတ်လျှင် အောက်ပါစည်းမျဉ်းများသည် သင်နှင့်သက်ဆိုင်သည်-
WD-40 COMPANY သည် ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများကို “အရှိအတိုင်း”နှင့် “ရရှိနိုင်သည့်အတိုင်း” ပံ့ပိုးပေးသည်။ WD-40 COMPANY သည် (သင်က ကျွန်ုပ်တို့နှင့် မည်သို့အပြန်အလှန်တုံ့ပြန်သည်ဖြစ်စေ — အွန်လိုင်းဖြစ်စေ၊ မိုဘိုင်းဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ) ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ် ၎င်းတို့အား အသုံးပြုမှုသည် အောက်ဖော်ပြပါအတိုင်းဖြစ်မည်ဟု ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်း မရှိပါ- (i) ပြတ်တောက်မှု မရှိကြောင်း၊ (ii) ချို့ယွင်းချက်များ၊ မတိကျမှုများ သို့မဟုတ် အမှားအယွင်းများ ကင်းစင်မည်ဖြစ်ကြောင်း၊ (iii) သင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သို့မဟုတ် (iv) စီစဉ်ထားသည့်အတိုင်း သို့မဟုတ် သင်အသုံးပြုသည့် အခြားဟာ့ဒ်ဝဲ၊ စက် သို့မဟုတ် ဆော့ဖ်ဝဲနှင့်ကိုက်ညီစွာ လုပ်ဆောင်မည်ဖြစ်ကြောင်း။ WD-40 COMPANY သည် ဤသဘောတူညီချက်ထဲတွင် အတိအလင်း ဖော်ပြထားသည်များမှလွဲပြီး အခြားအာမခံချက်များ မပေးဘဲ သီးခြားရည်ရွယ်ချက်တစ်ခုအတွက် ကိုက်ညီမှု၊ ရောင်းစွံနိုင်မှုနှင့် ချိုးဖောက်မှုမရှိခြင်းဆိုင်ရာ အာမခံချက်များ အကန့်အသတ်မရှိအပါအဝင် သွယ်ဝိုက်သော အာမခံချက်မှန်သမျှအားလုံးနှင့် မသက်ဆိုင်ကြောင်း ဤနေရာတွင် ငြင်းဆိုသည်။
- b) အကယ်၍ သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင် နေထိုင်သော သုံးစွဲသူတစ်ဦးဖြစ်ပါက အောက်ပါစည်းမျဉ်းများသည် သင်နှင့်သက်ဆိုင်သည်-
ကျွန်ုပ်တို့သည် ဝက်ဘ်ဆိုက် သို့မဟုတ် ဝက်ဘ်ဆိုက်ပေါ်ရှိ မည်သည့်အကြောင်းအရာမဆိုသည် အမြဲတမ်းရရှိနိုင်မည်ဖြစ်ကြောင်း သို့မဟုတ် ပြတ်တောက်မှုရှိမည်မဟုတ်ကြောင်း ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်း မပြုလုပ်ပါ။ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်သုံးစွဲခွင့်ကို ယာယီအားဖြင့် ခွင့်ပြုထားသည်။ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်ပေါ်ရှိ အကြောင်းအရာကို ယေဘုယျအချက်အလက်အတွက်သာ ပံ့ပိုးပေးသည်။ ၎င်းကို သင်ယုံကြည်အားထားသင့်သည့် အကြံပေးချက် သဘောသက်ရောက်ရန် ရည်ရွယ်ခြင်း မဟုတ်ပါ။
ဤစည်းမျဉ်းများပါ မည်သည့်အချက်မျှသည် သုံးစွဲသူတစ်ဦးအဖြစ် သင်၏ ပြဋ္ဌာန်းဥပဒေအရ အခွင့်အရေးများကို မထိခိုက်စေပါ။ ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂရှိ သင်၏ ပြဋ္ဌာန်းဥပဒေအရ အခွင့်အရေးများနှင့်ပတ်သက်၍ အကြံပေးချက်ကို သင်၏ ဒေသတွင်း နိုင်ငံသားများ၏ အကြံပေးဗျူရို သို့မဟုတ် ကုန်သွယ်မှုစံနှုန်းများရုံးထံမှ ရရှိနိုင်သည်။
- ပေးရန်တာဝန်ကို ကန့်သတ်ခြင်း။
- a) သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင် နေထိုင်သည့် သုံးစွဲသူ မဟုတ်လျှင် အောက်ပါစည်းမျဉ်းများသည် သင်နှင့်သက်ဆိုင်သည်-
မည်သည့်ဖြစ်ရပ်တွင်မျှ WD-40 COMPANY၊ ၎င်း၏ အဖွဲ့ဝင်များ၊ ကုမ္ပဏီခွဲများ၊ ဝန်ထမ်းများ၊ မန်နေဂျာများ၊ အရာရှိများ၊ ဒါရိုက်တာများ သို့မဟုတ် အေးဂျင့်များအပါအဝင် (“WD-40 အဖွဲ့များ”) သည် မည်သည့်တရားစွဲဆိုမှုမဆိုပေါ်အခြေခံ၍ ထိုသို့သော ထိခိုက်နစ်နာမှုများ ဖြစ်နိုင်ခြေကို ကြိုမြင်နိုင်သည့်တိုင် သို့မဟုတ် WD-40 အဖွဲ့များအား အသိပေးထားသည့်တိုင် သို့မဟုတ် အဖွဲ့များက သိထားခဲ့သင့်သည့်တိုင် စာချုပ်အရဖြစ်စေ၊ ပေါ့ဆမှုကြောင့်ဖြစ်စေ၊ တင်းကျပ်သော ပေးရန်တာဝန် သို့မဟုတ် တရားမနစ်နာမှုအရဖြစ်စေ (ပေါ့ဆမှု၊ ထိန်းချုပ်၍မရသော ဖြစ်ရပ်များ၊ ဆက်သွယ်ရေး ချို့ယွင်းချက် သို့မဟုတ် ဝန်ဆောင်မှု အခိုးခံရမှု သို့မဟုတ် ဖျက်ဆီးခံရမှုကြောင့် တစ်ခုလုံးဖြစ်ပွားခဲ့သည်ဖြစ်စေ၊ တစ်စိတ်တစ်စိတ်ပိုင်း ဖြစ်ပွားခဲ့သည်ဖြစ်စေ အကန့်အသတ်မရှိအပါအဝင်) ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများအား အသုံးပြုမှုမှ ပေါ်ပေါက်လာသည့်၊ ယင်းနှင့်သက်ဆိုင်သည့် သို့မဟုတ် ဆက်စပ်သည့် စီးပွားရေးနှင့်ဆိုင်သော၊ အကျိုးဆက်ဖြစ်သော၊ အဆွယ်အပွားဖြစ်သော၊ တိုက်ရိုက်ဖြစ်သော၊ သွယ်ဝိုက်သော၊ စံထားထိုက်သော၊ ပြင်းထန်သော သို့မဟုတ် အထူးတလည်ဖြစ်သော ထိခိုက်နစ်နာမှုများ အကန့်အသတ်မရှိအပါအဝင် မည်သည့်ထိခိုက်နစ်နာမှုမျိုးမဆိုအတွက် သင် သို့မဟုတ် မည်သည့်ပြင်ပအဖွဲ့အစည်းမဆိုအား ပေးရန်တာဝန် မရှိရပါ။ မည်သည့်ဖြစ်ရပ်တွင်မျှ WD-40 အဖွဲ့များသည် သေဆုံးမှု သို့မဟုတ် လူပုဂ္ဂိုလ်ထိခိုက်ဒဏ်ရာရမှု အကန့်အသတ်မရှိ အပါအဝင် ဆုံးရှုံးမှု၊ ထိခိုက်မှု သို့မဟုတ် ဒဏ်ရာရခြင်းအတွက် သင် သို့မဟုတ် အခြားသူတစ်ဦးဦးအား ပေးရန်တာဝန်ရှိမည် မဟုတ်ပါ။ အချို့သော ပြည်နယ်များ သို့မဟုတ် နယ်မြေများတွင် အဆွယ်အပွားဖြစ်သော သို့မဟုတ် အကျိုးဆက်ဖြစ်သော ပျက်စီးမှုများကို ချန်လှပ်မှု သို့မဟုတ် ကန့်သတ်မှုကို ခွင့်မပြုသောကြောင့် အထက်ဖော်ပြပါ ကန့်သတ်ချက် သို့မဟုတ် ချန်လှပ်မှုသည် သင်နှင့် မသက်ဆိုင်နိုင်ပါ။ မည်သည့်ဖြစ်ရပ်တွင်မျှ ဤသဘောတူညီချက်၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့်ဆက်စပ်၍ ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှုအားလုံးအတွက် WD-40 PARTIES က သင့်အား ပေးရန်တာဝန် စုစုပေါင်းပမာဏမှာ ဒေါ်လာငါးရာ (USD$500) ထက် မကျော်ရပါ။
- b) အကယ်၍ သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင် နေထိုင်သော သုံးစွဲသူတစ်ဦးဖြစ်ပါက အောက်ပါစည်းမျဉ်းများသည် သင်နှင့်သက်ဆိုင်သည်-
ဤစည်းမျဉ်းများပါ မည်သည့်အချက်မျှသည် အောက်ပါတို့အတွက် ကျွန်ုပ်တို့၏ပေးရန်တာဝန်ကို ချပ်လှပ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း မရှိပါ- (A) ကျွန်ုပ်တို့၏ ပေါ့ဆမှုကြောင့်ဖြစ်ပွားသည့် သေဆုံးမှု သို့မဟုတ် လူပုဂ္ဂိုလ်ထိခိုက်ဒဏ်ရာရမှု၊ (B) လိမ်လည်မှု သို့မဟုတ် မဟုတ်မမှန် မှားယွင်းစွာတင်ပြမှုနှင့် (C) ကျွန်ုပ်တို့ဘက်က ကျွန်ုပ်တို့၏ပေးရန်တာဝန်ကို ချန်လှပ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းကို တရားမဝင်ဖြစ်စေမည့် မည်သည့်ကိစ္စရပ်မဆို။
ဤစည်းမျဉ်းများကို ကျွန်ုပ်တို့ လိုက်နာခြင်းမရှိပါက ကြိုမမြင်နိုင်သည့် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်နစ်နာမှုမှန်သမျှအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်နစ်နာမှုသည် ကျွန်ုပ်တို့ချိုးဖောက်မှု၏ သိသာထင်ရှားသော အကျိုးဆက်တစ်ခုဖြစ်ခဲ့လျှင် သို့မဟုတ် ဝက်ဘ်ဆိုက်ကို သင်ဝင်ရောက်သုံးစွဲခဲ့ချိန်တွင် သင်နှင့် ကျွန်ုပ်တို့က ၎င်းကို အကဲဖြတ်နိုင်ခဲ့လျှင် ထိုဆုံးရှုံးနစ်နာမှုကို ကြိုတင်သိမြင်နိုင်ပါသည်။
သင်သည် စီးပွားဖြစ် သို့မဟုတ် လုပ်ငန်းရည်ရွယ်ချက် တစ်ခုခုအတွက် ဝက်ဘ်ဆိုက် သို့မဟုတ် ဝက်ဘ်ဆိုက်ပေါ်ရှိ အကြောင်းအရာတစ်ခုခုကို အသုံးမပြုရန် သဘောတူပြီး အကျိုးအမြတ်ဆုံးရှုံးမှု၊ လုပ်ငန်းဆုံးရှုံးမှု၊ လုပ်ငန်းအနှောင့်အယှက်ဖြစ်မှု သို့မဟုတ် လုပ်ငန်းအခွင့်အလမ်း ဆုံးရှုံးမှုမှန်သမျှအတွက် ကျွန်ုပ်တို့တွင် ပေးရန်တာဝန် မရှိပါ။
- အနုညာတစီရင်ဆုံးဖြတ်ခြင်း။
သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင် နေထိုင်သော သုံးစွဲသူတစ်ဦးဖြစ်လျှင် ဤအပိုင်း 8 သည် မသက်ရောက်ပါ။
ဤအပိုင်း 8 တွင် ဖော်ပြထားသည့် လိုက်နာဆောင်ရွက်ရမည့် အနုညာတစီရင်ဆုံးဖြတ်ခြင်း စည်းမျဉ်းများကို သင့်အနေဖြင့် ငြင်းပယ်ခွင့်ရှိသည်။ သင်ငြင်းပယ်ပါက သင်နှင့် WD-40 Company သည် အနုညာတစီရင်ဆုံးဖြတ်ခြင်းတွင် ပါဝင်ရန် အခြားတစ်ဖက်အား တောင်းဆိုခြင်းမပြုနိုင်ပါ။ သင့်အကောင့်ကို စာရင်းသွင်းရာတွင် သင်အသုံးပြုထားသည့် သင့်အမည်နှင့် အီးမေးလိပ်စာရှိလျှင် ၎င်းနှင့်အတူ အနုညာတစီရင်ဆုံးဖြတ်ခြင်း ပြဋ္ဌာန်းချက်ကို ပယ်ချလိုကြောင်း ရှင်းလင်းသောဖော်ပြချက်တစ်ခုကို ထည့်သွင်းပြီး ကျွန်ုပ်တို့ထံ အီးမေးလ်ပို့၍ ဆက်သွယ်ခြင်းဖြင့် အနုညာတစီရင်ဆုံးဖြတ်ခြင်းကို သင်ငြင်းပယ်နိုင်သည်။ ငြင်းပယ်မှုအကျုံးဝင်စေရန်အတွက် ဤလိုက်နာဆောင်ရွက်ရမည့် အနုညာတစီရင်ဆုံးဖြတ်ခြင်း ပြဋ္ဌာန်းချက်ကို သင်စတင်လိုက်နာရမည့်ရက်မှ ရက်သုံးဆယ် (30) အတွင်း သင့်အီးမေးလ်ကို ပို့ရမည်။ သင့်တွင် ဤသဘောတူညီချက်ပါ အခြားမည်သည့်ပြဋ္ဌာန်းချက်ကိုမဆို ငြင်းပယ်ပိုင်ခွင့်မရှိပါ။
ဤအပိုင်း 8 တွင် သင်နှင့်ကျွန်ုပ်တို့ကြားရှိ အငြင်းပွားမှုများကို လိုက်နာဆောင်ရွက်ရမည့် အနုညာတစီရင်ဆုံးဖြတ်ခြင်းဖြင့် ဖြေရှင်းနိုင်သည်ဟု ဖော်ပြထားသည်။ အနုညာတစီရင်ဆုံးဖြတ်ခြင်းသည် တရားရုံးသို့သွားရောက်ပြီး ဂျူရီလူကြီးများရှေ့မှောက်တွင် ရုံးတင်စစ်ဆေးခွင့် သို့မဟုတ် လူများစွာကိုယ်စား တရားစွဲဆိုခြင်းတွင် ပါဝင်ခွင့်ကို အစားထိုးသည်။ အနုညာတစီရင်ဆုံးဖြတ်ရာတွင် အငြင်းပွားမှုများကို တရားသူကြီး သို့မဟုတ် ဂျူရီလူကြီးများကမဟုတ်ဘဲ ခုံသမာဓိလူကြီးက ဖြေရှင်းပေးသည်။ ဤလိုက်နာဆောင်ရွက်ရမည့် အနုညာတစီရင်ဆုံးဖြတ်ခြင်း ပြဋ္ဌာန်းချက်ကို ဖက်ဒရယ် အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေ (“FAA”) က လွှမ်းမိုးထိန်းချုပ်ပြီး ဥပဒေက ခွင့်ပြုပေးမည့် အကျယ်ပြန့်ဆုံးနည်းလမ်းဖြင့် အဓိပ္ပာယ်ကောက်ယူရမည်။
- အကျုံးဝင်သော အရေးဆိုမှုများ။ သင် သို့မဟုတ် ကျွန်ုပ်တို့သည် ဤသဘောတူညီချက်၊ သင့်အကောင့်၊ သင် သို့မဟုတ် ကျွန်ုပ်တို့၏ WD-40 Company ၏ ဉာဏပစ္စည်းပိုင်ဆိုင်မှုနှင့် ပတ်သက်သော သို့မဟုတ် ယင်းမှဖြစ်ပေါ်လာသော သင်နှင့်ကျွန်ုပ်တို့ကြားရှိ အရေးဆိုမှု၊ အငြင်းပွားမှု သို့မဟုတ် မကျေနပ်မှုများ (“အရေးဆိုမှုများ”) ကို အနုညာတ စီရင်ဆုံးဖြတ်မှုခံယူနိုင်သည်။ အနုညာတစီရင်ဆုံးဖြတ်မှုကို မည်သည့်အမှုတွင်ပါဝင်သူကမဆို ရွေးချယ်သည်ဆိုပါက သင်သည်လည်းကောင်း၊ ကျွန်ုပ်တို့သည်လည်းကောင်း အဆိုပါ အရေးဆိုမှုကို တရားရုံးတွင် တရားစွဲဆိုပိုင်ခွင့် သို့မဟုတ် ထိုအရေးဆိုမှုအပေါ် ခုံသမာဓိအဖွဲ့ဖြင့် အမှုစစ်ဆေးခွင့် ရှိမည်မဟုတ်ပါ။
အောက်တွင်ဖော်ပြထားသည်မှလွဲ၍ စာချုပ်၊ တရားမနစ်နာမှု (ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သောလုပ်ရပ်ကြောင့် တရားမနစ်နာမှုအပါအဝင်)၊ လိမ်လည်မှု၊ အေဂျင်စီ၊ သင်၏ သို့မဟုတ် ကျွန်ုပ်တို့၏ ပေါ့ဆမှု၊ ပြဋ္ဌာန်းဥပဒေအရ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ သို့မဟုတ် အခြားဥပဒေဆိုင်ရာ အရင်းအမြစ်များအပေါ် အခြေခံသော အရေးဆိုမှုများ၊ တန်ပြန်အရေးဆိုမှုများ၊ အပြန်အလှန် အရေးဆိုမှုများ၊ ပြင်ပအဖွဲ့အစည်းက အရေးဆိုမှုများ၊ ပိုင်ဆိုင်ခွင့်ရှိသူကိုဆုံးဖြတ်ပေးရန် တောင်းဆိုသူများအကြား အပြိုင်အရေးဆိုမှုများ သို့မဟုတ် အခြားနည်းဖြင့် ပြုလုပ်ထားသည့် အရေးဆိုမှုများ၊ အတိတ်ကဖြစ်ခဲ့သည့်၊ ပစ္စုပ္ပန်တွင်ဖြစ်နေသည့် သို့မဟုတ် အနာဂတ်တွင်ဖြစ်မည့် ပြုမူဆောင်ရွက်မှုနှင့် ပတ်သက်သော အရေးဆိုမှုများနှင့် သီးခြားအရေးဆိုမှုများ သို့မဟုတ် အခြားအရေးဆိုမှုများနှင့်အတူ ပြုလုပ်ထားသော အရေးဆိုမှုများ အပါအဝင် အရေးဆိုမှုအားလုံးသည် မည်သည့်တရားရေးအယူအဆကို အခြေခံသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့က မည်သည့်ကုစားမှု (လျော်ကြေးများ၊ သို့မဟုတ် တရားရုံးအမိန့်စာ သို့မဟုတ် ကြေညာချက်ထုတ်ထားသည့် ကုစားဖြေရှင်းမှု) ကို တောင်းခံသည်ဖြစ်စေ အနုညာတဖြင့် စီရင်ဆုံးဖြတ်မည်။ ၎င်းတွင် ကျွန်ုပ်တို့ သို့မဟုတ် သင်နှင့် ဆက်စပ်နေသော လူတစ်ဦးကဖြစ်စေ၊ လူတစ်ဦးအပေါ်ဖြစ်စေ ပြုလုပ်သည့် အရေးဆိုမှုများ၊ ကျွန်ုပ်တို့ သို့မဟုတ် သင်ကတစ်ဆင့် အရေးဆိုသော အရေးဆိုမှုများ သို့မဟုတ် ကျွန်ုပ်တို့ သို့မဟုတ် သင်ကတစ်ဆင့် အရေးဆိုမှုပြုလုပ်သော အေးဂျင့်၊ ကိုယ်စားလှယ်၊ ပြင်ပဝန်ဆောင်မှုပေးသူ သို့မဟုတ် တွဲဖက်/မိခင်/လက်အောက်ခံ ကုမ္ပဏီတစ်ခုကဲ့သို့ တစ်စုံတစ်ဦးက ပြုလုပ်သည့် အရေးဆိုမှုများလည်း ပါဝင်ပါသည်။
- အနုညာတစီရင်ဆုံးဖြတ်မှု ကန့်သတ်ချက်များ။ အမှုငယ်များစီရင်သည့် တရားရုံးတွင် တင်သွင်းသည့် တစ်ဦးချင်း အရေးဆိုမှုများသည် အမှုငယ်များစီရင်သည့် တရားရုံးတွင် ဆက်လက်တည်ရှိနေသရွေ့ အနုညာတစီရင်ဆုံးဖြတ်ခြင်းမရှိပါ။
အကယ်၍ သင်သည် ကျွန်ုပ်တို့အပေါ် အရေးဆိုမှုတစ်ခုကို တင်ပြတောင်းဆိုပါက သင့်ထံမှ ကြွေးမြီတောင်းယူရန် အရေးယူဆောင်ရွက်မှုများအပါအဝင် အနုညာတ စီရင်ဆုံးဖြတ်ရန် ကျွန်ုပ်တို့က ရွေးချယ်နိုင်သည်။ သင်သည် ကြွေးမြီတောင်းယူရန် အရေးဆိုမှုများ အပါအဝင် သင့်အပေါ် အရေးဆိုမှုများကို တစ်ဦးချင်းအလိုက် အနုညာတ စီရင်ဆုံးဖြတ်မှု ခံယူနိုင်သည်။
အစုအဖွဲ့ကိုယ်စား အရေးယူမှု၊ အများအကျိုးကိုယ်စား ဆောင်ရွက်သည့် အရေးယူမှု သို့မဟုတ် အခြားကိုယ်စားပြု အရေးယူမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တင်သွင်းသည့် အရေးဆိုမှုများကို တစ်ဦးချင်းအလိုက် အနုညာတဖြင့် စီရင်ဆုံးဖြတ်နိုင်သည်။ ခုံသမာဓိလူကြီးသည် အစုအဖွဲ့ကိုယ်စား သို့မဟုတ် ကိုယ်စားပြုပုံစံဖြင့် မည်သည့်အရေးဆိုမှုကိုမျှ အနုညာတစီရင်ရန် အခွင့်အာဏာမရှိဘဲ တစ်ဦးချင်းအလိုက်သာ စီရင်ဆုံးဖြတ်ပေးနိုင်သည်။ အနုညာတစီရင်ဆုံးဖြတ်မှုကို မည်သည့်အမှုတွင်ပါဝင်သူကမဆို ရွေးချယ်မည်ဆိုပါက သင်သည်လည်းကောင်း၊ ကျွန်ုပ်တို့သည်လည်းကောင်း အရေးဆိုမှုကို အစုအဖွဲ့ကိုယ်စား အရေးယူမှု သို့မဟုတ် အခြားကိုယ်စားပြု အရေးယူမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်၍မရပါ။ လူ နှစ် (2) ဦးနှင့်အထက်၏ အရေးဆိုမှုများကို အနုညာတစီရင်ဆုံးဖြတ်မှုတစ်ခုတည်းတွင် တစ်ပြိုင်တည်းပေါင်းလုပ်၍ မရပါ။
- စီရင်ဆောင်ရွက်မှု။ အနုညာတစီရင်ဆုံးဖြတ်ခြင်းအား ဆန်ဒီအေဂိုကောင်တီ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တစ်ခုတည်းသော ကြားနေ ခုံသမာဓိလူကြီးတစ်ဦး၏ ရှေ့မှောက်တွင် ၎င်း၏ ပြည့်စုံသော အနုညာတစီရင်ခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ JAMS မှ စီမံခန့်ခွဲမည်ဖြစ်သည်။ JAMS လုပ်ထုံးလုပ်နည်း မိတ္တူကိုရယူရန်၊ အရေးဆိုမှုတစ်ခု တင်သွင်းရန် သို့မဟုတ် အခြားသိလိုသည်များအတွက် (800) 352-5267 ကို ဖုန်းခေါ်ဆိုခြင်းဖြင့် သို့မဟုတ် jamsadr.com သို့ ဝင်ရောက်ကြည့်ရှုခြင်းဖြင့် JAMS ကို ဆက်သွယ်ပါ။ လက်ရှိ JAMS စည်းမျဉ်းများ၏ မိတ္တူကို
www.jamsadr.com/rules-comprehensive-arbitration/ ရှိ JAMS ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သည်။
ခုံသမာဓိလူကြီးတစ်ဦးက ချမှတ်သော ဆုံးဖြတ်ချက်သည် ဥပဒေနှင့်အညီဖြစ်ပြီး နောက်ဆုံးအတည်ဖြစ်သည်။ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိသော မည်သည့်တရားရုံးတွင်မဆို ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့် စီရင်ချက်ကို မှတ်တမ်းတင်နိုင်သည်။
- အနုညာတစီရင်ဆုံးဖြတ်မှု စရိတ်စကများအား ပေးချေခြင်း
ခုံသမာဓိလူကြီးသည် အနုညာတစီရင်ဆုံးဖြတ်မှု၏ အခကြေးငွေများနှင့် ကုန်ကျစရိတ်များအား အမှုတွင်ပါဝင်သူများအကြားတွင် မည်သို့ခွဲဝေသတ်မှတ်ပေးမည်ကို ဆုံးဖြတ်နိုင်ပြီး ရှေ့နေခများနှင့် ပတ်သက်၍လည်း ဆုံးဖြတ်ပေးနိုင်သည်။
- အငြင်းပွားမှု ဖြေရှင်းခြင်း – ယူနိုက်တက်ကင်းဒမ်းနှင့် ဥရောပသမဂ္ဂတွင် နေထိုင်သော သုံးစွဲသူများနှင့် သက်ဆိုင်သည်
- a) အကယ်၍ သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင် အမြဲတမ်းနေထိုင်သော သုံးစွဲသူတစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့က ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် ဝန်ဆောင်မှုများကို သင့်ထံသို့ ဦးတည်ပေးပို့ပါက သင်သည် ဤသဘောတူညီချက်အောက်တွင် ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုတစ်စုံတစ်ရာကို သင်၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရ အင်္ဂလန်နိုင်ငံ၏ အခွင့်အာဏာရှိသော တရားရုံးသို့ဖြစ်စေ၊ သင် အမြဲတမ်းနေထိုင်ရာ နိုင်ငံသည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂအတွင်းရှိလျှင် ထိုနိုင်ငံ၏ အခွင့်အာဏာရှိသော တရားရုံးသို့ဖြစ်စေ တင်သွင်းနိုင်သည်။ အဆိုပါတရားရုံးများသည်သာ ယင်းကဲ့သို့ အငြင်းပွားမှုမှန်သမျှကို ကိုင်တွယ်ဖြေရှင်းရန် အခွင့်အာဏာရှိပြီး အခြားမည်သည့်တရားရုံးကမျှ ထိုသို့အခွင့်အာဏာမရှိပါ။
- b) သင်အမြဲတမ်းနေထိုင်ရာနိုင်ငံ၏ အခွင့်အာဏာရှိသော တရားရုံးသည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂအတွင်း ရှိပါက သို့မဟုတ် တစ်နည်းအားဖြင့် အင်္ဂလန်နိုင်ငံ၏ အခွင့်အာဏာရှိသော တရားရုံးဖြစ်ပါက ဤသဘောတူညီချက်အောက်တွင် ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုမှန်သမျှအား ထိုတရားရုံးသို့ ကျွန်ုပ်တို့က တင်သွင်းရမည်။
- စီရင်ဆုံးဖြတ်သည့် ဥပဒေနှင့် စီရင်ဆုံးဖြတ်ရာနေရာ
- a) အောက်ဖော်ပြပါ ပုဒ်မ 10(c) အရ ဤသဘောတူညီချက်သည် ဤနေရာရှိ အမှုတွင်ပါဝင်သူတိုင်းနှင့် ၎င်း၏ဆက်ခံသူများနှင့် ခွင့်ပြုထားသော လုပ်ပိုင်ခွင့်လွှဲအပ်ခံရသူများအပေါ် တရားဝင်တာဝန်ခံစေပြီး ၎င်းနှင့်ပတ်သက်၍ ဥပဒေကွဲလွဲမှုဆိုင်ရာ အခြေခံမူများကို ကိုးကားခြင်းမရှိဘဲ ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေများနှင့်အညီ စီရင်ဆုံးဖြတ်၍ အနက်အဓိပ္ပာယ်ကောက်ယူရမည်။ အောက်ဖော်ပြပါ ပုဒ်မ 10(c) အရ အမှုတွင်ပါဝင်သူတိုင်းသည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီအေဂိုကောင်တီတွင် တည်ရှိသော ပြည်နယ် သို့မဟုတ် ဖက်ဒရယ်တရားရုံးများသို့ တင်ပြရန် သဘောတူရမည်။
- b) အကယ်၍သင်သည် လိုက်နာဆောင်ရွက်ရမည့် အနုညာတစီရင်ဆုံးဖြတ်ခြင်း ပြဋ္ဌာန်းချက်ကို ခိုင်လုံစွာ ငြင်းပယ်ထားပြီး အောက်ပါ ပုဒ်မ 10(c) သည် သင်နှင့်မသက်ဆိုင်လျှင် ဤသဘောတူညီချက်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော အရေးယူဆောင်ရွက်မှုများ သို့မဟုတ် တရားစွဲဆိုမှုအားလုံးကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီအေဂိုကောင်တီတွင်တည်ရှိသော ပြည်နယ် သို့မဟုတ် ဖက်ဒရယ်တရားရုံးများတွင်သာ သီးသန့်ဖြေရှင်းရမည်ဖြစ်ပြီး ထိုကဲ့သို့သော အငြင်းပွားမှုအားလုံးကို တရားစွဲဆိုရန် ရည်ရွယ်ချက်အတွက် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီအေဂိုကောင်တီတွင်တည်ရှိသော ပုဂ္ဂိုလ်ရေး တရားစီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများသို့ တင်ပြရမည်။ ဤစီရင်ဆုံးဖြတ်ရာနေရာရွေးချယ်မှုသည် သဘောသဘာဝအရ ကျွန်ုပ်တို့ နှစ်ဦးနှစ်ဖက်လုံးက မဖြစ်မနေ လိုက်နာရမည့်အရာဖြစ်ပြီး စိတ်ကြိုက်ရွေးချယ်ခွင့်မရှိပါ။ ယင်းသည် အမှုတွင်ပါဝင်သူများကြားတွင် ဤသဘောတူညီချက်နှင့် စပ်လျဉ်းသော သို့မဟုတ် ဤသဘောတူညီချက်မှပေါ်ပေါက်လာသော ကိစ္စများအတွက် ပုဒ်မ 8 တွင် ဖော်ပြထားသည့် တရားစီရင်ပိုင်ခွင့်ရှိသည့်နေရာများမှလွဲ၍ အခြားတရားစီရင်ပိုင်ခွင့်နေရာတစ်ခုခုတွင် တရားစွဲဆိုနိုင်ခြေကို ဟန့်တားရန် ရည်ရွယ်သည်။ ပို၍သင့်လျော်သည့် စီရင်ဆုံးဖြတ်ရာနေရာတွင် ကြားနာဆုံးဖြတ်ခွင့် စည်းမျဉ်း သို့မဟုတ် အလားတူစည်းမျဉ်းကို ကျင့်သုံးခွင့်တောင်းဆိုရန် သို့မဟုတ် ဤပုဒ်မ 8 အရ မည်သည့်တရားစွဲဆိုမှုများနှင့်မဆို စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ရာနေရာအား ကန့်ကွက်ရန် ကျွန်ုပ်တို့နှစ်ဦးနှစ်ဖက်လုံးတွင် ရှိနိုင်သည့် မည်သည့်အခွင့်အရေးကိုမဆို စွန့်လွှတ်ပါသည်။ သင်သည် ထိုတရားရုံးများ၏ သီးသန့်တရားစီရင်ပိုင်ခွင့်ကို သဘောတူ၍ လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စာတိုက်မှ ပေးပို့ခြင်းကို လက်ခံပြီး တစ်နည်းအားဖြင့် ရရှိနိုင်သော တရားစီရင်ရေး သို့မဟုတ် စီရင်ဆုံးဖြတ်ရာနေရာဆိုင်ရာ အကာအကွယ်များကို စွန့်လွှတ်ရန် သဘောတူသည်။
- c) အကယ်၍ သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင် နေထိုင်သော သုံးစွဲသူဖြစ်ပြီး ကျွန်ုပ်တို့က ဝက်ဘ်ဆိုက် သို့မဟုတ် ဝန်ဆောင်မှုများကို သင်နေထိုင်သည့်နိုင်ငံသို့ ဦးတည်ပေးပို့ပါက သင်သည် သင်နေထိုင်သည့်နိုင်ငံ၏ ဥပဒေပါ မဖြစ်မနေလိုက်နာရမည့် ပြဋ္ဌာန်းချက်များမှ အကျိုးခံစားခွင့်ရှိမည်ဖြစ်ပါသည်။ ဤသဘောတူညီချက်တွင်ပါသည့် မည်သည့်အရာကမျှ ဒေသတွင်း ဥပဒေ၏ ထိုသို့သော မဖြစ်မနေလိုက်နာရမည့် ပြဋ္ဌာန်းချက်များကို အားထားရန် သုံးစွဲသူတစ်ဦးအဖြစ် သင်၏အခွင့်အရေးများ သို့မဟုတ် အခြားပြဋ္ဌာန်းဥပဒေအရ သင်၏ အခွင့်အရေးများကို မထိခိုက်စေပါ။
- အရေးယူဆောင်ရွက်မှုများ၏ အကန့်အသတ်။
သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင် နေထိုင်သည့် သုံးစွဲသူမဟုတ်ပါက မည်သည့်ပြဋ္ဌာန်းဥပဒေ သို့မဟုတ် ဥပဒေမဆိုတွင် ဆန့်ကျင်ကွဲလွဲစွာ ပြဋ္ဌာန်းထားခြင်းရှိစေကာမူ ၎င်းကိုထည့်မတွက်ဘဲ ဝက်ဘ်ဆိုက်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင်၏အသုံးပြုခြင်းမှ ပေါ်ပေါက်လာနိုင်သည့်၊ ၎င်းနှင့် ဆက်စပ်သည့် သို့မဟုတ် ချိတ်ဆက်နေသည့် သင်၏ အရေးဆိုမှု သို့မဟုတ် အရေးယူမှုတစ်ခုခုအား ထိုသို့သော အရေးဆိုသည့်ကိစ္စ သို့မဟုတ် အရေးယူမည့်ကိစ္စ ပေါ်ပေါက်ပြီးနောက် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း တင်သွင်းရမည်ဖြစ်ပြီး ထိုအချိန်အတွင်း မတင်သွင်းပါက ထာဝရ ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သင်က သိရှိပြီး သဘောတူပါသည်။
သင့်အနေဖြင့် ဤသဘောတူညီချက်နှင့် ၎င်းအောက်တွင်ရှိသော သင့်အခွင့်အရေးနှင့် တာဝန်များအားလုံးကို WD-40 Company ၏ စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူညီချက်မပါဘဲ အခြားသူအား လွှဲအပ်ခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းတို့ကို မပြုလုပ်နိုင်ပါ။
- ပြင်ပအဖွဲ့အစည်း အခွင့်အရေးများ။
ဤသဘောတူညီချက်နှင့် သင်၏မှတ်ပုံတင်ခြင်းသည် သင်၏သီးသန့်အကျိုးခံစားခွင့်နှင့် အဆင်ပြေစေရန်အတွက်ဖြစ်ကြောင်း သင် သိရှိပါသည်။ ၎င်းတို့အား အခြားသူတစ်ဦးဦးထံသို့ လွှဲပြောင်း၍မရသည့်အပြင် အခြားမည်သူကမျှ ဤသဘောတူညီချက်အရ သို့မဟုတ် သင်၏မှတ်ပုံတင်ခြင်းမှတစ်ဆင့် ရပိုင်ခွင့်များကို အရေးဆိုခွင့်မရှိပါ။ ဤနေရာတွင်ပါရှိသော မည်သည့်အရာကိုမျှ အခြားပြင်ပအဖွဲ့အစည်းတစ်ခုခုအား အရေးယူဆောင်ရွက်ပိုင်ခွင့်တစ်ခုခု ပေးအပ်ခြင်း၊ အပ်နှင်းခြင်း၊ ဖန်တီးပေးခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းဟု အနက်အဓိပ္ပာယ်မကောက်ယူရ။ ဤပြဋ္ဌာန်းချက်သည် သက်ဆိုင်ရာ ဖက်ဒရယ် ပြဋ္ဌာန်းဥပဒေများအရ မည်သူမဆိုရရှိနိုင်သော အခွင့်အရေးများကို ကန့်သတ်ရန် သို့မဟုတ် ထိခိုက်စေရန် ရည်ရွယ်ခြင်းမရှိပါ။
- လုပ်ပိုင်ခွင့်စွန့်လွှတ်မှုဟု မသက်ရောက်ခြင်း။
ဤသဘောတူညီချက်နှင့်ပတ်သက်၍ လုပ်ပိုင်ခွင့် စွန့်လွှတ်ကြောင်း စာဖြင့် ဖော်ပြပြီး ယင်းအခွင့်အရေးကို စွန့်လွှတ်သော အမှုတွင်ပါဝင်သူက လက်မှတ်ရေးထိုးခြင်း မဟုတ်လျှင် ဤသဘောတူညီချက်အောက်တွင် မည်သည့်လုပ်ပိုင်ခွင့် စွန့်လွှတ်မှုကမျှ အကျိုးသက်ရောက်မှုမရှိပါ။ ဤသဘောတူညီချက်ပါ စည်းမျဉ်း သို့မဟုတ် သတ်မှတ်ချက်တစ်ခုခုကို ကျင့်သုံးရာတွင် လုပ်ပိုင်ခွင့်၊ ကုစားမှု၊ အခွင့်အာဏာ၊ အထူးအခွင့်အရေး သို့မဟုတ် သတ်မှတ်ချက်တစ်ခုခုကို ကျွန်ုပ်တို့က အသုံးချရန် မည်သည့်နှောင့်နှေးမှု သို့မဟုတ် ချန်လှပ်မှုကမျှ သို့မဟုတ် မည်သည့်လုပ်ရပ်၊ ချန်လှပ်မှု သို့မဟုတ် သင်နှင့် ဆက်ဆံဆောင်ရွက်မှုကမျှ ထိုကဲ့သို့သော လုပ်ပိုင်ခွင့်၊ ကုစားမှု၊ အခွင့်အာဏာ၊ အထူးအခွင့်အရေး သို့မဟုတ် သတ်မှတ်ချက်တစ်ခုခုကို ထိခိုက်ခြင်းမရှိရပါ သို့မဟုတ် ၎င်းနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့် စွန့်လွှတ်ခြင်းဟု အနက်အဓိပ္ပာယ်မကောက်ယူရပါ။ သင်က လိုက်နာဆောင်ရွက်ရမည့် သဘောတူစာချုပ်၊ အခြေအနေ သို့မဟုတ် သဘောတူညီချက်ကို ကျွန်ုပ်တို့က လုပ်ပိုင်ခွင့် စွန့်လွှတ်ခြင်းသည် အနာဂတ်တွင်ဖြစ်ပေါ်မည့် မည်သည့်အခြေအနေမျိုးကိုမျှ လုပ်ပိုင်ခွင့် စွန့်လွှတ်ခြင်းဟု မမှတ်ယူရပါ။ အခြားနည်းဖြင့် ဖော်ပြမထားပါက ဤသဘောတူညီချက်တွင် ဖော်ပြထားသည့် ကုစားမှုအားလုံးသည် စုပေါင်းရရှိခြင်းဖြစ်ပြီး တရားဥပဒေအရ၊ သာတူညီမျှမှုအရ သို့မဟုတ် တစ်နည်းအားဖြင့် နှစ်ဖက်စလုံးအတွက် ရရှိနိုင်သော အခြားကုစားမှုများအား အစားထိုးခြင်း မဟုတ်ဘဲ နောက်ထပ် ထပ်ဆောင်းရရှိနိုင်သည်များဖြစ်သည်။
ဤသဘောတူညီချက်ရှိ မည်သည့် စည်းမျဉ်းသတ်မှတ်ချက်မဆိုသည် ဥပဒေနှင့်မညီကြောင်း၊ တရားမဝင်ဟု သတ်မှတ်ထားကြောင်း သို့မဟုတ် မည်သည့်အကြောင်းပြချက်ကြောင့်ဖြစ်စေ ပြဋ္ဌာန်းကျင့်သုံး၍မရနိုင်ကြောင်း တွေ့ရှိပါက အဆိုပါ စည်းမျဉ်းကို ဤသဘောတူညီချက်၏ ကျန်ရှိသော စည်းမျဉ်းသတ်မှတ်ချက်များမှ သီးခြားခွဲထုတ်နိုင်သည်ဟု မှတ်ယူမည်ဖြစ်ပြီး ကျန်ရှိသည့် စည်းမျဉ်းများ၏ တရားဝင်မှုနှင့် ပြဋ္ဌာန်းကျင့်သုံးနိုင်မှုအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပါ။
သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင်နေထိုင်သည့် သုံးစွဲသူမဟုတ်ပါက ကိုယ်ရေးလုံခြုံမှု ကြေညာချက်နှင့်အတူ ဤသဘောတူညီချက်သည် ဤနေရာတွင်ဖော်ပြထားသည့် အကြောင်းအရာနှင့် ပတ်သက်၍ သင်နှင့် WD-40 Company ကြားရှိ သဘောတူညီချက်တစ်ရပ်လုံးဖြစ်ပြီး စာဖြင့်ရေးသားပြီး နှစ်ဖက်စလုံးက လက်မှတ်ရေးထိုး သို့မဟုတ် တစ်နည်းအားဖြင့် သဘောတူထားသည်မှလွဲ၍ သို့မဟုတ် WD-40 Company က ဤသဘောတူညီချက် သို့မဟုတ် ကိုယ်ရေးလုံခြုံမှု ကြေညာချက်တွင် ပြောင်းလဲမှုပြုလုပ်ခြင်းမှလွဲ၍ အခြားမည်သည့်နည်းဖြင့်မျှ ပြင်ဆင်နိုင်မည်မဟုတ်ပါ
အကယ်၍ သင်သည် ယူနိုက်တက်ကင်းဒမ်း သို့မဟုတ် ဥရောပသမဂ္ဂတွင် နေထိုင်သည့် သုံးစွဲသူဖြစ်ပါက ကျွန်ုပ်တို့သည် ဤသဘောတူညီချက်ပါ စည်းမျဉ်းသတ်မှတ်ချက်များကို အခါအားလျော်စွာ ပြောင်းလဲမှုများ ပြုလုပ်နိုင်ပြီး (ဥပမာ၊ ကျွန်ုပ်တို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၊ နည်းပညာအသစ်များ သို့မဟုတ် သက်ဆိုင်ရာဥပဒေများနှင့်ပတ်သက်သည့် အပြောင်းအလဲများကို ထင်ဟပ်ပြသရန်) သင့်အပေါ် သိသာထင်ရှားသော သက်ရောက်မှုရှိနိုင်သည့် ကြီးမားသော ပြောင်းလဲမှုမှန်သမျှကို ကျိုးကြောင်းဆီလျော်စွာ အသိပေးရန် ကြိုးစားပါမည်။ ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင်ဝင်ရောက်ပြီး အသုံးပြုချိန်၌ သက်ရောက်သည့် ဤသဘောတူညီချက်၏ စည်းမျဉ်းသတ်မှတ်ချက်များကို နားလည်ကြောင်း သေချာစေရန် ဤသဘောတူညီချက်ကို ပုံမှန်စစ်ဆေးကြည့်ရှုပါ။ အကယ်၍ သင်သည် ဤသဘောတူညီချက်၏ စည်းမျဉ်းသတ်မှတ်ချက်များတွင် အပြောင်းအလဲများ ပြုလုပ်ပြီးသည့်နောက်ပိုင်း၌ ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဆက်လက်အသုံးမပြုလိုပါက ဝက်ဘ်ဆိုက် နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို အသုံးမပြုတော့ခြင်းဖြင့် ဤသဘောတူညီချက်ကို ရပ်စဲနိုင်သည်။
- ကျွန်ုပ်တို့ကို ဆက်သွယ်ခြင်း။
သင့်တွင် ဤသဘောတူညီချက်နှင့် ပတ်သက်၍ မေးလိုသည်များရှိပါက သို့မဟုတ် အခြားအကြောင်းကြောင့် ကျွန်ုပ်တို့ထံ ဆက်သွယ်လိုပါက Privacy@wd40.comတွင် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်သည်။