tracking

ကား
သင့်ကားကို ပျိုတိုင်းကြိုက်အသွင် ပြောင်းလိုက်ပါ
သင်လိုအပ်သောအရာများ

1x

WD-40 Specialist® Degreaser
WD-40 SPECIALIST® ချေးချွတ်ဆေး

1x

WD-40 Specialist® Machine &
Engine Degreaser
WD-40 SPECIALIST® စက်နှင့်အင်ဂျင် ချေးချွတ်ဆေး

1x

စုတ်တ

လုပ်ဆောင်ပုံ
1.
သင့်ကားဘီးခွေ၊ ဘောနက်ဖုံး သို့မဟုတ် အင်ဂျင်အထိုင်များ ရှိ အညစ်အကြေးများ၊ ဖုန်မှုန့်များနှင့် သဲမှုန့်များကို ဖယ်ရှားလိုက်ပါ။
1A.
အင်ဂျင်အထိုင်အတွက် ဘက်ထရီ အဆက်နှစ်ခုလုံးကို ဖြုတ်လိုက်ပါ။ ထို့နောက် လျှပ်စစ်အစိတ်အပိုင်းများကို မပျက်စီးစေရန်၊ အင်ဂျင်အတွင်းသို့ ရေများမဝင်စေရန်၊ ဝိုင်ယာများနှင့် ထိတွေ့ နေသော အစိတ်အပိုင်းအားလုံးကို သေချာစွာ ဖုံးအုပ်ထားပါ။
1B.
ဝါယာကြိုးများ၊ မီးပွားပလပ် သို့မဟုတ် ဖြန့်ဝေရေးအဖုံးကဲ့သို့သော အစိတ်အပိုင်းများကို ပလပ်စတစ်ဖြင့် ပတ်ထားလိုက်ပါ။
2.
အင်ဂျင်အထိုင်သို့ WD-40 Specialist® စက်နှင့်အင်ဂျင် ချေးချွတ်ဆေးအား အသုံးပြု၍ ရက်ရက်ရောရော ဖျန်းပြီး အ‌ပေါ် ယံ သားတစ်ခု ဖန်တီးလိုက်ပါ။
3.
၎င်းဖော်မြူလာ ကို ၃-၅ မိနစ်ခန့် အနယ်ထိုင်စေလိုက်ပါ။
4.
အမွေးအမှင်စုတ်တံကို အသုံးပြု၍ ပွတ်တိုက်ပြီးနောက် ရေပိုက်ဖြင့် ဆေးကြောလိုက်ပါ။ လိုအပ်ပါက အဆင့် ၂ ကို ပြန်လုပ်ပါ။
5.
နောက်ဆုံးအနေဖြင့် သင့်ဘီးခွေ၊ ကားဘောနက်ဖုံးများမှ ဆီချေးများ သို့မဟုတ် အညစ်အကြေးများကို ဖယ်ရှားရန် အသုံးဝင်သော
WD-40 Specialist®ချေးချွတ်ဆေးကို အသုံးပြုပါ။
ကဲ အခု သင့်ပျိုတိုင်းကြိုက်လေး ပြည့်စုံသွားပါပြီ။
ပရော်ဖက်ရှင်နယ် အကြံပြုချက်။
ဆေးသုတ်ထားသော အစိတ်အပိုင်းများပေါ်သို့ တိုက်ရိုက်ဖျန်းခြင်းမှ ရှောင်ကြဉ်ပါ။ အဘယ်ကြောင့် ဆိုသော် ဆေးများကို ကွာစေ နိုင်သောကြောင့် ဖြစ်ပါသည်။
WD-40® Fan Club
Love WD-40® Brand Products? Join the club!
Ooops!
Generic Popup