tracking

စုတ်တံများ
သင်၏ စုတ်တံများကို သက်တမ်းရှည်အောင် ပြုလုပ်လိုက်ပါ
သင်လိုအပ်သောအရာများ

1x

WD-40® Smart Straw®

1x

ခြစ်တံ

1x

တစ်ရှူးပျော့

1x

ဆပ်ပြာအပျော့စား

1x

ပျော်ရည်
လုပ်ဆောင်ပုံ
1.
ဆီ သို့မဟုတ် နိုက်ထရို သုတ်ဆေးတစ်ခုခုတွင် ကပ်တွယ် ‌နေလျှင် စုတ်တံ ကို မှန်ကန် သော ပျော်ရည်(ဥပမာ၊ ဓာတုအရောနှော သို့မဟုတ် နိုက်ထရို)တွင် စိမ်လိုက်ပါ။ စုတ်တံမှ ဆေးများ ချက်ချင်းမကျွတ်ပါက ရက်အနည်းငယ်လောက် ကြာအောင် စိမ်ထားလိုက်ပါ။
1A.
ရေအခြေခံ ရောင်စုံသုတ်ဆေး သို့မဟုတ် နံရံသုတ်ဆေးအတွက်၊ စုတ်တံအား အပေါ်သို့ ထောင်၍ အမွေးအမှင်များအား စီးဆင်း နေသော ရေပိုက်အောက် ‌တွင် သေချာနှံစပ်အောင်ဆေးကြောပါ။
အကြံပြုချက်။ ရေစီးဆင်းမှုသည် အမွေးအမျှင်များကြားတွင် ပိတ်မိနေသည့် ဆေးများကို ဖယ်ရှားပေးပါသည်။
2.
စုတ်တံ မှ သုတ်ဆေးများ ပျော်သွားသောအခါ၊ စုတ်တံများကို ဆပ်ပြာနှင့်ရေ ရောစပ်ပြီး ပေါင်းထည့်ထားလိုက်ပါ။
3.
စုတ်တံကို ၎င်းထဲထည့်ပြီးလျှင် သုတ်ဆေးအကြွင်းအကျန်များကို ဖယ်ရှားရန် ဖြည်းညှင်းစွာ ပွတ်တိုက်ပေးပါ။
4.
စုတ်တံကို အပေါ် ဘက်သို့မျက်နှာမူထား၍ ၎င်းရေစီးချောင်းအောက် မှာ အမွေးအမျှင်များကို ဆေးကြောပါ။
5.
လိုအပ်ပါက မာကြောနေသောဆေးများကို ခြစ်ထုတ်ပါ။
6.
အမွေးအမျှင်များနှင့် ကွင်းမူလီ ပေါ် သို့ WD-40® Smart Straw® အချို့ကို ဖျန်းပေးပါ။
7.
သုတ်ဆေးနှင့် သံချေးအကြွင်းအကျန်များကို ဖယ်ရှားရန် မျက်နှာသုတ်ပုဝါ သို့မဟုတ် ပျော့ပျောင်းသောတစ်ရှူးဖြင့် သန့်စင်လိုက်ပါ။ သင်မသိလိုက်ခင်မှာပဲ ၎င်းတို့အားလုံး အသစ်အတိုင်း ကြည့်ကောင်းနေပါလိမ့်မယ်။
ပရော်ဖက်ရှင်နယ် အကြံပြုချက်။
စုတ်တံများ ခြောက်သွေ့နေချိန်တွင် အမွေးအမျှင်များကို စုစုစည်းစည်း ဖြစ်စေရန် ရာဘာကြိုးဖြင့် ကျစ်ကျစ်လစ်လစ်ချည်ထားလိုက်ပါ။
စုတ်တံကို အသုံးပြုပြီးသည်နှင့် ‌သုတ်ဆေးများ မာပြီး မကျန် သွားရန် သန့်စင်ပေးပါ။
WD-40® Fan Club
Love WD-40® Brand Products? Join the club!
Ooops!
Generic Popup