tracking

အီး-စက်ဘီး၏ ဘက်ထရီ
သင့် အီး-စက်ဘီးကို ကြာရှည် ခံအောင် ပြုလုပ်လိုက်ပါ
သင်လိုအပ်သောအရာများ

1x

WD-40 Specialist® Contact Cleaner Smart Straw
WD-40 SPECIALIST® ပွတ်တိုက်သန့်စင်ဆေး SMART STRAW

လုပ်ဆောင်ပုံ
1.
ဘေးကင်းမှုအတိုင်းအတာအတွက် (အားသွင်းထားလျှင်) ခလုတ်ကိုဖြုတ်ထားခြင်းဖြင့် သင်၏ အီး-စက်ဘီးကို ပိတ်ထားကြောင်း သေချာအောင်လုပ်ပါ။
2.
ဘက်ထရီအိုးကိုပိုမိုလွယ်ကူစွာ သန့်ရှင်းရေးလုပ်ရန်အတွက် သင်၏ အီး-စက်ဘီးအထိုင်မှ ဘက်ထရီကို ဖယ်ရှားရန် သင့်အီး-စက်ဘီးရှိ တွဲပါလာသောသော့ကို အသုံးပြုပါ။
3.
ဘက်ထရီကို ဖယ်ရှားပြီးနောက်၊ WD-40 Specialist® ပွတ်တိုက်သန့်စင်ဆေး စမတ်ဆေးဖျန်းခေါင်းအား မျက်နှာပြင်နှင့် စင်တီမီတာအနည်းငယ်အကွာတွင် ရက်ရက်ရောရော ဖျန်းလိုက်ပါ။ အကျိုအကြား နေရာများရှိ အကြွင်းအကျန်များအထိရောက်အောင် စီးဆင်းစေလိုက်ပါ။ ၎င်းသည် လျှပ်စစ်စီးကူးမှုကို ပြန်လည်ထူထောင်ရန် နှင့် အချိန်အခါ လျှောက် မိုးရေများ သို့မဟုတ် ရွှံ့နွံများကြောင့် ဘက်ထရီ သို့မဟုတ် စက်ဘီးပေါ်ရှိ အရာများကို ဖယ်ထုတ်သန့်စင်ရန် အထူးကောင်းမွန်ပါသည်။
4.
ဆေးရည်ကို လုံးဝခြောက်သွားသည်အထိ စက္ကန့်အနည်းငယ်ကြာအောင် ထားလိုက်ပါ။
အကြံပြုချက်။ ခြောက်သွေ့ခြင်း ရှိ၊ မရှိ စစ်ဆေးရန် သင့်လက်ချောင်း များနှင့် မျက်နှာပြင်အား အသာတို့ ၍ အကြွင်းအကျန်များ ကပ်သွားခြင်း ရှိ၊မရှိကို သိနိုင်ပါသည်။
5.
ကဲ ဒီမှာ ရပါပြီ၊ ကောင်းကောင်းမွန်မွန် ထိမ်းသိန်းထားတဲ့ အီး-စက်ဘီးတစ်စီး။
ပရော်ဖက်ရှင်နယ် အကြံပြုချက်။
ငွေကုန်ကြေးကျများသော ပြုပြင်ထိန်းသိမ်းမှုမျိုးကို ရှောင်ရှားရန်၊ အထူးသဖြင့် ရွှံ့ထူချိန်နှင့် မိုးရွာနေချိန်တွင် ဘက်ထရီနှင့် အီး-စက်ဘီး တို့၏ လျှပ်ကူးများကို အခါအားလျော်စွာ ဂရုစိုက်တစိုက် စစ်ဆေး ပေးပါ။ ၎င်းတို့အား သင့်အီး-စက်ဘီး ‌အပေါ် ဖိတ်ကျခြင်းမှ ရှောင်ရှားရန် ‌ဆေးကြောချိန်တွင် ဘက်ထရီကို ဖြုတ်ထားပေးပါ။
© WD-40 COMPANY (MALAYSIA) SDN BHD. All Rights Reserved
WD-40® Fan Club
Love WD-40® Brand Products? Join the club!
Ooops!
Generic Popup